ပရိသတ်တွေရဲ့ အားပေးဝန်းရံချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ မျိုးမျိုးခိုင်၊ အေးသီတာ၊ အိအိတုံနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံတို့ကလည်း အပါအဝင်ပါပဲ..။

ဇာတ်ကားတွေများစွာ အတူရိုက်ကူးထားကြတဲ့ သူမတို့အနုပညာရှင်ညီအစ်မတွေကတော့ အခုလတ်တလောမှာလည်း အတူတွေ့ဆုံကြပြီး မင်းသားကြီး အကယ်ဒမီရန်အောင်ကို အိမ်တိုင်ရာရောက်တကူးတကသွားရောက်ပြီး ဂါဝရပြုကန်တော့ခဲ့ကြပါတယ်နော်..။


Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook

အဖွဲ့လိုက်အတူတွေ့ဆုံကြရင်း စကားတွေပြောကာ မုန့်တွေစားရင်း ကြီးစဉ်ငယ်လိုက် တစ်ယောက်နဲ့ တစ်ယောက် ဂါဝရပြု ကန်တော့ခဲ့ကြပြီး မုန့်ဖိုးတွေလည်းရကာ ပျော်စရာအချိန်လေးတွေကို ပျော်ပျော်ပျော်ပါးပါး အတူ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်နော်..။

အရမ်းကို ပျော်စရာကောင်းတဲ့ အကြောင်းလေးတွေကိုလည်း အိအိတုံက ချစ်ပရိသတ်တွေကို ပြန်လည်ပြောပြထားပြီး သူမတို့ရဲ့ ကြည်နူးချမ်းမြေ့စရာအမှတ်တရလေးတွေနဲ့ အပျော်လေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။


Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook

“ဒီနေ့အင်တာဗျုးကို ဒီလူတွေကိုဖိတ်လို့ သွားဖြေကြတယ် မတွေ့ရတာကြာလို့ စကားတွေလုပြောလုဖြေနဲ့ ပျော်စရာအရမ်းကောင်းတယ် ပီးတော့ မမခိုင်မာရယ် ဒီကအမတွေရယ်ကို အခါအခွင့်သင့်တုန်း ကန်တော့ကြတယ် မုန့်ဖိုးတွေရတယ် အနုပညာလောကမှာ အထင်ကြီးလေးစားပြီးချစ်ရတဲ့ ချစ်ကိုကြီးရန်လေး အိမ်သွားပြီး ဂါဝရပြုကန်တော့ကြတယ် ကန်တော့အပြီး ချစ်ကိုကြီးကမုန့်ဖိုးတွေ ပေးပြန်ရောပြီးတော့ အောင်သီရိက ချစ်ကိုတွေကိုဖုန်းနဲ့ ကန်တော့ကြတယ် အဲ့မှာမုန့်ဖိုးတွေ ပေးပြန်ရော ကြီးသူကိုငယ်သူက တယောက်ချင်းဆီ ကန်တော့ကြတာ ပျော်စရာအရမ်းကောင်းတယ် အားလုံးထဲမှာ အငယ်ဆုံးက အိတုန်ဆိုတော့ကာ ဟီးဟီးမုန့်ဖိုးပိုရတယ်လို့ အရမ်းပျော်ရပါတယ် နောက်လည်းမကြာမကြာ ဆုံပေးပါအုန်းမမခိုင်မာရေ ကျေးဇူးတင်ပါတယ်ရှင့် ကန်တော့ဖို့တွေ အများကြီးကျန်သေးတယ် မကြာမီလာပါမည်လို့ မမခိုင်မာကလည်း မုန့်ဖိုးရယ ်ပိတ်စတွေရယ် ပေးလိုက်လို့ကျေးဇူးပါလို့..” ဆိုပြီး သူမရဲ့ အပျော်လေးတွေကို အိအိတုံက ပရိသတ်တွေကို ပြန်လည်မျှဝေပြောပြထားတာ ဖြစ်ပါတယ်..။

ချစ်ခင်လေးစားရတဲ့ အကယ်ဒမီမင်းသားကြီး ရန်အောင်ကို သွားရောက်ဂါဝရပြုခဲ့ကြပြီး တစ်ယောက်နဲ့စတ်ယောက်လည်မး အစဉ်လိုက် ပြန်ပြီး ကန်တော့ခဲ့ကြတဲ့ သူမတို့အဖွဲ့ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook
Photo Credit - Ei Ei Tone’s Facebook

Photo Credit - Ei Ei Tone’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။