အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံမှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အမြဲ update ဖြစ်နေရအောင်တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကနေ အခုတစ်ခါမှာဆိုရင်တော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Jatinga "ဂျက်တင်ဂါ"မြို့လေးမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းဖွယ် အဖြစ်အပျက်လေးကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ "suicide" ဆိုတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သောအဖြစ်အပျက်တွေကို မကြာခဏဆိုသလို ကြားဖူး၊ တွေ့ဖူးကြမှာဖြစ်ပေမယ့် ငှက်တွေ "suicide" လုပ်တာကတော့ မယုံနိုင်လောက်အောင် ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်တစ်ခုလို့ဆိုရမှာပါ...။

photo credit Once A Glance Page

"suicide" လုပ်သွားတဲ့လူတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ဘဝကြီးကိုလက်မြှောက်အရှုံးပေးသွားတဲ့သူတွေ၊ "Depression"ဆိုတဲ့ စိတ်ကျဝေဒနရာ ရောဂါကိုခံစားနေရသူတွေ၊ "glommy sunday" ဆိုတဲ့ သီချင်းကိုနားထောင်မိသူတွေ....စသဖြင့် ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်...။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သူရဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ လွယ်ကူပေမယ့် ငှက်တစ်ကောင် မိမိကိုယ်ကို အဆုံးစီရင်တယ်ဆိုတာက ဦးနှောက်ခြောက်စရာ ကိစ္စရပ်ဖြစ်သလို၊ မေးခွန်းပေါင်းများစွာ ထုတ်ခဲ့ရပါတယ်...။

photo credit Once A Glance Page

လူတွေ ကိုယ့်ကိုယ်ကို သတ်သေသလိုဘဲ ငှက်တွေဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်တတ်တယ်ဆိုတာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ မြို့လေးတစ်မြို့က သက်သေပြခဲ့ပါတယ်...။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း "Jatinga" ဂျက်တင်ဂါ ဆိုတဲ့ ရွာလေးတစ်ရွာက တစ်ခြားမြို့တွေ ရွာတွေထက် အေးချမ်းပါတယ်...။ ဒါပေမဲ့ ငှက်တွေ ထောင်ပေါင်းများစွာဟာ "September" နဲ့ "Octomber" လ ည ၇ နာရီနဲ့ ၁၀ နာရီကြားမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို လေထဲကနေ မြေပြင်ပေါ်သို့ အရှိန်ဟုန်ဖြင့် ထိုးစိုက်ချပြီး သေဆုံး ကုန်ကြတာဖြစ်ပါတယ်...။ ငှက်တွေကို လာရောက် ကြည့်ရှုဖို့ ခရီးသွားများအတွက် ရွာမှ နေရာ လေးတွေ စီစဉ်ပေးထားတာဖြစ်ပါတယ်...။ ငှက်ကလေးတွေရဲ့ သနားဖွယ်ရုပ်ကြွင်းလေးများကို ရှုစားကြရင်း ဆက်လက်အားပေးသွားကြပါဦးနော်...။

source Once A Glance Page

photo credit Once A Glance Page

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။