Beauty Blogger နေခြည်ဦးဆိုတာနဲ့ပရိသိတ်တွေရင်ထဲမှာ ဘယ်လိုမိတ်ကပ်အပြင်အဆင်တွေနဲ့ မြင်ရမလဲ။ ဘယ်လိုဖက်ရှင်အလန်းစားတွေနဲ့မြင်ရမလဲ။ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့မြင်ရမလဲဆိုတာ ပရိတ်သတ်တွေက အမြဲစိတ်ဝင်စားနေကြတာပါ။ နေခြည်ဦးဟာ Beauty Blogger အနေနဲ့အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အချိန်ကစပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့သလို သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာတဲ့အခါမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါ။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

သူမဟာ အနုပညာလောကကိုအချိန်တိုအတွင်းမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အောင်မှုများစွာရရှိနေသူတစ်ယောက်ပါ။ဒါ့အပြင် လက်တလောမှာ လည်း သရုပ်ဆောင်နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ အခမ်းနားဆုံး မေတ္တာ ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသလျက် ရှိနေတာပါ။ ဒီဇာတ်ကားကြီးဟာ ပရိသတ်တွေရဲ့ကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ဇာတ်ကားတစ်ကားပါ။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

လွတ်လွတ်လပ်လပ်နဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ချီချီကတော့ မနေ့ညမှာ ချစ်ရတဲ့သူငယ်ချင်းနဲ့အတူ သီချင်းလေးတွေသီဆိုကာ အပြီဒွန့်နေတဲ့ ဗီဒီယိုလေးကို သူမရဲ့ Facebook Myday မှာတင်ထားတာပါ။ ချီချီကတော့ ဒီဗီဒီယိုလေးထဲမှာ ကလေးတစ်ယောက်လိုပျော်ရွှင်နေတာပါ။ ပရိသတ်ကြီးအတွက် ချီချီရဲ့ဗီဒီယိုလေးပို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Nay Chi Oo’s Facebook Myday

Photo Credit- Nay Chi Oo’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။