မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာAFF HD Bank Futsal Championship 2019 ပြိုင်ပွဲ၏ ဆီမီး ဖိုင်နယ် အဆင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသောကြောင့် အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁း၃၀ အချိန်တွင် တတိယနေရာ လုပွဲအဖြစ် ဗီယက်နမ် အသင်းနှင့်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit: MFF' s facebook
photo credit: MFF' s facebook

မြန်မာအသင်းအတွက် ဂိုးများကို ငြိမ်းမင်းစိုး၊ နိုင်ရဲကျော်နှင့် ပြည့်ဖြိုးမောင် (၃) တို့က သွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်က "ကစားသမားတွေ အကောင်းဆုံးကစားခဲ့ကြပြီး အခွင့်ရေးကောင်းတွေကိုလည်း ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ အခုလို ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဗီယက်နမ် အသင်းနဲ့ တတိယ နေရာလုပွဲကစားဖို့ ရှိနေပါသေးတယ်။ ဒီပွဲစဉ်မှာ အနိုင် ရရင် အာရှခြေစစ်ပွဲကို အောင်မြင်မှာ ဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားပါမယ်"ဟု အင်ဒိုနီးရှားနှင့် ပွဲအပြီးတွင် ပြောကြားခဲ့ပါတယ်။

photo credit: MFF' s facebook
photo credit: MFF' s facebook

AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ၏ ဆီမီးဖိုင်းနယ် ပွဲစဉ်တစ်ပွဲဖြစ်သော ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့ ပွဲစဉ်တွင် ထိုင်းအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် မြန်မာအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်းတို့သည် တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။

source:MFF' s facebook

photo credit: MFF' s facebook
photo credit: MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။