အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့စုံတွဲလေးကတော့ ပရိသတ်တွေသဘောကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ဖြိုးလေးတို့စုံတွဲက နားလည်မှုအပြည့်နဲ့ လက်တွဲလာခဲ့ကြတာ ချစ်သူသက်တမ်း (၃)နှစ်ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေနဲ့အနုပညာရှင်တွေကပါ အားကျနေရတာပဲ ဖြစ်ပါတယ်။

Photo Credit -Phyo Lay's FB
Photo Credit - Warso Moe Oo's FB
Photo Credit -Phyo Lay's FB

အမြဲတမ်း သွားအတူလာအတူ တွဲတွေ့ရတတ်တဲ့ ဖြိုးလေးနဲ့ဝါဆိုတို့စုံတွဲလေးက အခုလည်း Halloween Party ပွဲလေးကို အတူတက်ရောက်ခဲ့ကြပါတယ်။ ဖြိုးလေးတို့စုံတွဲက ''Safe House '' မှာကျင်းပပြုလုပ်တဲ့ပါတီပွဲလေးကို အမိုက်စားအပြင်အဆင်တွေနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဝါဆိုကတော့ ''Aquaman'' ဇာတ်ကားထဲက မင်းသမီး Mera လို အပြင်အဆင်နဲ့ အမိုက်စားဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Warso Moe Oo's FB
Photo Credit -Phyo Lay's FB
Photo Credit - Warso Moe Oo's FB

အခုလည်း ဝါဆိုက ''Safe house Halloween party I’m princess Mera'' ဆိုပြီး ပုံလေးတွေကိုတင်ထားပါတယ်။ ဖြိုးလေးကလည်း ''Hello Halloween Skeleton x Mera ဒီနေ့တော့ ပါးပါးဘဲ November 1 ရက်နေ့ Frenzo Halloween Show ကြမှ အမိုက်စား Costume လာမယ် '' ဆိုပြီး ပုံတွေကိုမျှဝေထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Phyo Lay's FB & Warso Moe Oo's FB

Photo Credit - Warso Moe Oo's FB
Photo Credit -Phyo Lay's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။