ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြောင်းမြ (က) အသင်းနှင့် မအူပင်(ခ) အသင်းတို့၏ ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲ တတိယလုပွဲတွင် မအူပင် (ခ) အသင်းက ၁-၃ ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

photo credit: MNL ' s facebook
photo credit: MNL ' s facebook

ယခုပွဲတွင် မြောင်းမြ(က) အသင်းက ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်တွင် ဟိန်းထက်အောင်က သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။သို့သော် ပွဲချိန် ၂၃ မိနစ်တွင် မအူပင် (ခ) အသင်းအတွက် ဇေဖြိုးအောင်က ချေပဂိုး သွင်းယူပေးခဲ့ဲ သောကြောင့် ပထမပိုင်း အပြီးတွင် သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

photo credit: MNL ' s facebook
photo credit: MNL ' s facebook

ဒုတိယပိုင်း တွင် မအူပင်(ခ) အသင်းအတွက် အနိုင်ဂိုးများကို ထွန်းလင်းအောင်နှင့် ဇေဖြိုးအောင် တို့က ပွဲချိန် ၃၃ မိနစ်နှင့် ပွဲချိန် ၄၉ မိနစ်များတွင် သွင်းယူပေးခဲ့သောကြောင့် ပွဲအပြီးတွင် မအူပင်(ခ) အသင်းက (၁-၃) ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ် (ဂ) အသင်းနှင့် ဟင်္သာတ (က) အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပါတယ်။

source:MNL ' s facebook

photo credit: MNL ' s facebook
photo credit: MNL ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။