ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ အိစိကွေး၊ ပိုင်အုပ်စိုးအောင်နဲ့ ပိုင်ဇင်မင်းလတ်တို့ သူငယ်ချင်းသုံးယောက်ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်ကိုယ်စီနဲ့ အခိုင်အမာရပ်တည်နေကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Eisi Kway's Facebook
Photo Credit - Eisi Kway's Facebook

ပရိသတ်အချစ်တော် မင်းသားချောလေးသုံးယောက်ကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိသလို အခုတစ်ခါမှာလည်း ဝါရင့်သရုပ်ဆောင် ဒေါ်ခင်မသက်ဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ဂါဝရပြုကန်တော့ခဲ့ ကြပါတယ်နော်..။

လည်ချောင်းဝေဒနာခံစားနေရပြီး အခက်အခဲဖြစ်နေတဲ့ အမေကြီးဒေါ်ခင်မေသက်ဆီ သူငယ်ချင်းသုံးယောက်အတူ သွားရောက်ကန်တော့ကာ အလှူငွေတွေ လှူဒါန်းကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်နော်..။

Photo Credit - Eisi Kway's Facebook
Photo Credit - Eisi Kway's Facebook

အမေဒေါ်ခင်မေသက်ဆီ သွားရောက်ကန်တော့ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း အိစိကွေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ဆုတောင်းစကားလေးတွေလည်း ပြောထားပါသေးတယ်နော်..။

"ဒီနေ့တော့ အမေ ခင်မေသက် ကို သူငယ်ချင်းတွေစုပြီး

သွားရောက်လှူဒါန်းဖြစ်ပါတယ်

ငယ်ငယ်က အတူတူရိုက်ခဲ့ကြတဲ့အမှတ်တရတွေ ပြန်ပြောကြပြီး ပျော်ရွှင်နေတဲ့ အမေ့ကို ကြည့်ရင်း ပီတိတွေဖြစ်ခဲ့ရပါတယ်

အမေ နေအမြန်ပြန်ကောင်းပြီး TV ပေါ်မှာ ပြန်တွေ့ချင်ပါတယ်

ဆုတောင်းပေးပါတယ် နေအမြန်ပြန်ကောင်းပါစေ အမေ.." ဆိုပြီး ဆုတောင်းစကားလေးနဲ့အတူ အမှတ်တရလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Eisi Kway's Facebook
Photo Credit - Eisi Kway's Facebook

Photo Credit - Eisi Kway's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။