ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေ ၃းဝ၀ နာရီက ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ ဟင်္သာတ (က) အသင်းနှင့် ပုသိမ်(ဂ) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဟင်္သာတ(က) အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။


photo credit: MFF's facebook
photo credit: MFF's facebook

ဗိုလ်လုပွဲ ဖြစ်သည်နှင့် အညီ နှစ်သင်းစလုံး အားကုန်ထုတ် ကစားခဲ့ကြသောကြောင့် ပွဲက အတော်ပင် အကြိတ်အနယ် ရှိခဲ့ပြီး ပရိသတ်များကို စိတ်လှုပ်ရှားစေခဲ့သည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ယခုပွဲတွင် အဖွင့်ဂိုးကို ပုသိမ်(ဂ) အသင်းက ဒုတိယပိုင်း ပြန်လည် စတင်ကာစ ပွဲချိန် ၃၂ မိနစ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ် ကစားသမား အောင်ထက်စိုးက အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။

photo credit: MFF's facebook
photo credit: MFF's facebook

ဟင်္သာတ(က) အသင်း အတွက် အဖိုးတန် ချေပဂိုးကို ပွဲချိန် ၄၇ မိနစ်တွင် ထက်ကိုကိုက သွင်းယူပေး နိုင်ခဲ့ပါတယ်။ယင်းနောက်တွင် ပွဲက ပိုမိုအကြိတ်အနယ် ရှိလာခဲ့ပြီး နှစ်သင်းစလုံး ဂိုးရရှိရေး အားထည့် ကစားလာခဲ့ကြပါတယ်။ ပွဲပြီးကာနီး နောက်ဆုံးမိနစ်များတွင် ဟင်္သာတ (က)အသင်း အနေဖြင့် အဖိုးတန် အနိုင်ဂိုးများကို ရယူနိုင်ခဲ့ပါတယ်။ယင်းဂိုးများကို ပွဲချိန် ၅၉ မိနစ်တွင် ဥက္ကာလှိုင်၊ ထပ်ဆောင်းအချိန်ပို ၃ မိနစ်တွင် သန်းလင်းကို တို့က သွင်းယူပေးခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ သွင်းဂိုးများကြောင့် ပွဲပြီးဆုံး ချိန်တွင် ဟင်္သာတ (က) အသင်းက ပုသိမ်(ဂ) အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။

source:MFF's facebook

photo credit: MFF's facebook
photo credit: MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။