သရုပ်ဆောင် မင်းသမီးချောလေး ချစ်စနိုးဦးကတော့ ယနေ့အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ချစ်စနိုးဦးက (၆)နှစ်ကျော်ကြာအောင် လက်တွဲခဲ့တဲ့ချစ်သူနဲ့ နှစ်ကိုယ်တူဘဝခရီးလေးကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာကျင်းပတဲ့ မင်္ဂလာပွဲလေးကတော့ ချစ်စနိုးဦးတို့စုံတွဲရဲ့ စုလျားရစ်ပတ်ထိမ်းမြားလက်ထပ်တဲ့ မင်္ဂလာပွဲလေး ဖြစ်ပါတယ်။

Photo Credit- Soe Pyae Thazin's FB
Photo Credit- Soe Pyae Thazin's FB

ချစ်စနိုးဦးရဲ့မင်္ဂလာပွဲလေးမှာတော့ သတို့သမီးအရံလေးတွေအဖြစ် ပါဝင်အားဖြည့်နေကြသူလေးတွေကလည်း ပရိသတ်အချစ်တော့ မင်းသမီးချောလေးတွေပဲ ဖြစ်ကြပါတယ်။ မအေးသောင်း၊စိုးပြည့်သဇင်၊ စံရတီမိုးမြင့်၊ နန်းခင်ဇေယျာ၊ ရွှေသမီးတို့က ဒီနေ့ပွဲလေးမှာ ပန်းနုရောင်သတို့သမီးအရံလေးတွေအဖြစ် ကိုယ်စီလှနေကြတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းနဲ့ စိုးပြည့်သဇင်တို့က မင်္ဂလာပွဲကအမှတ်တရပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit- Soe Pyae Thazin's FB
Photo Credit -Aye Thaung's FB
Photo Credit- Soe Pyae Thazin's FB
Photo Credit -Aye Thaung's FB

မအေးသောင်းကတော့ '' ချစ်ရတဲ့ မောင်လေးဖိုးသားနဲ့ညီမလေး ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပါတ်အခမ်းအနားလေးမှာ သတိုးသမီးအရံပေါ့ရှင်။ အားကျတယ်လို့မပြောတော့ဘူးနော် လုပ်ချင်ရင်ထလုပ်လို့ရနေပြီဆိုတော့ ......'' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုဖိုးသားနဲ့ ချစ်စနိုးဦးရဲ့မင်္ဂလာပွဲမှာ ပါဝင်အားဖြည့်ခဲ့တဲ့ ပန်းနုရောင်သတို့သမီးအရံလေးတွေရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Aye Thaung's FB & Soe Pyae Thazin's FB

Photo Credit -Aye Thaung's FB
Photo Credit -Aye Thaung's FB
Photo Credit- Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။