ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ ကိုးရီးယားလူမျိုးတွေ ရေဘဝဲကို အရှင်စားတဲ့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ လူသားတို့သည် အသားငါးများကို အရသာရှိစေရန် ပြုပြင်စားသောက်တတ်ကြည့် နည်းတူ အစိမ်းအတိုင်း အရှင်လတ်လတ် စားသောက်မှုများကိုပါ ယနေ့ခေတ်တွင် မြင်တွေ့နေရတာမလို့ ကမ္ဘာခေတ်ဦးလူသားများလို့ပင်ဆိုစမှတ်ပြုကြရမှာဖြစ်ပါတယ်...။

photo credit pngtree

ကိုရီးယားလူမျိုးများက စန်နက်ဂျီ(Sannakji) ဟု ခေါ်သည့် ရေဘဝဲများသည် လူအများစုအတွက် အရှင်စားရန် ရွံရှာ ဖွယ် ဖြစ်သော်လည်း ကိုရီးယားလူမျိုးများက နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။ နှမ်းမှုန့် နှင့် နှမ်းဆီ အနည်းငယ် ကို ဟင်းခတ် အမွေး အကြိုင်အဖြစ် ထည့်ထားသည့် ရေဘဝဲ များကို အတုံးငယ်များ အဖြစ်ဖြတ်တောက်၍ဖြစ်စေ၊ ကောင်းစွာပြင်ဆင်ထား၍ ဖြစ်စေ အရှင်အတိုင်းစားသောက်တတ်ကြပါတယ်...။

photo credit pngtree

ကိုရီယားတို့၏ ဟင်းပွဲတွင် ရေဘဝဲ ၏ လက်တံများသည် စားသောက်နေချိန်အထိ တဆတ် ဆတ်လှုပ်နေဆဲ ဖြစ်ပါတယ်...။ ရေဘဝဲ၏ စုတ်ခွက်ပါသည့် လက်ချောင်းများသည် ပန်းကန်အတွင်းရောက်ရှိနေချိန်အထိ မသေသေးသဖြင့် ရေဘဝဲ စား သူများသည် လည်ချောင်းအတွင်းဆို့မသွားစေရန် သတိပြု စားသုံးကြရမှာဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတာမလို့ အမြဲ update ဖြစ်နေရအောင် like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။