ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့သူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်ထားပြီး အခုချိန်မှာတော့ ၃လအရွယ် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးကလည်း မေမေနဲ့ချွတ်စွတ်တူပြီး ချစ်မွှေးပါလို့ အကုန်လုံးကဝိုင်းချစ်ကြပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

စန္ဒီမြင့်လွင်ကလည်း သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် ပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေကိုတော့ ခဏရပ်နားထားပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုသာ တက်ရောက်နေတာဖြစ်ပါတယ်။မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးကိုထိန်းရင်းနဲ့ပဲ သီချင်းအသစ်လေးတွေကို စီစဉ်နေတာပါနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက အနုပညာ‌ မောင်နှမတွေဖြစ်တဲ့ ချစ်စနိုးဦးတို့ချစ်သူနှစ်ယောက်ရဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါတယ်နော်။ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာပွဲကိုလည်း အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပြီး ရင်းနှီးပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။စန္ဒီမြင့်လွင်ကတော့ ချစ်ခင်ပွန်းရဲ့ လက်ကိုချိတ်ပြီး စုံတွဲလိုက်တက်ရောက်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

Source:Dee Dee's Facebook

Photo Credit:Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။