လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကတော့ နှစ်အတော်ကြာအောင် လက်တွဲတွေခိုင်မြဲနေကြတဲ့ ချစ်သူစုံတွဲလေး ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ လွှမ်းပိုင်တို့ချစ်သူနှစ်ဦးက နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးရဲ့ချစ်သူသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich

လက်ရှိမှာ လွှမ်းပိုင်နဲ့ B Sox တို့စုံတွဲလေးက ဂီတလမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ လွှမ်းပိုင်တို့စုံတွဲလေးကို အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း B Sox က သူတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich

B Sox က '' သူ့ ခမျာလည်း မျောက်ကဲမလေး ၁ကောင်ကို ပေါက်စနမြီးကောင်ပေါက်အရွယ်ထဲက လိုက်ထိန်းပေးခဲ့တာ ၁၀စုနှစ်၁ခုတောင်ကျော်လာခဲ့ပြီ ! Bwahaha (တည်ငြိမ်သူကိုဘာတွေလိုက်စနေမှန်းမသိ )'' ဆိုပြီး ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွှမ်းပိုင်နဲ့ B Sox တို့စုံတွဲရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Htet Htet Aung

Photo Credit- Ria Bo Vich

Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich
Photo Credit- Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။