photo credit...TNC Predator Facebook

TNC Predator အသင်းကတော့ 2019-2020 DPC Season အစမှာ လူစားရင်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး အသင်းကထွက်သွားတဲ့ kuku နဲ့ eyyou ရဲ့နေရာမှာ kpill နဲ့ March ကိုအစားထိုးခဲ့ပါတယ် ။

လူစားရင်းပြောင်းလဲလိုက်တာ့ကြောင့် TNC အကိုအရင်ကလို လက်ရည်မျိုးပိုင်ဆိုင်ထားနိုင်ပါ့မလား လို့စိုးရိမ်ခဲ့ကြပေမယ့် သူတို့ရဲ့ Team work တွေဟာတော်တော်လေးကောင်းမွန်လာခဲ့သလို Gabbi ရဲ့ တစ်ကိုယ်တော် performance တွေကလည်း တော်တော်လေးကိုကောင်းမွန်လာခဲ့တာ တွေ့ရပါတယ်။

ယခုလက်ရှိဝင်ပြိုင်နေတဲ့ ESL One Hamburg 2019 ပြိုင်ပွဲကြီးမှာဆိုရင်လည်း TNC အသင်းမှာ Direct Invites ရရှိထားတဲ့ အသင်းပီပီ performance ကောင်းတွေပြသနိုင်ခဲ့သလို Gambit Esports အသင်းကိုအနိုင်ယူပြီး Grand Final ကိုတက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် TNC အသင်းဟာ Gambit Esports နဲ့ Alliance တို့ နှစ်သင်းရဲ့ ယှဉ်ပြိုင်မှုကိုစောင့်ဆိုင်းပြီး နိုင်တဲ့အသင်းနဲ့ Grand Final မှာယှဥ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

TNC Predator အသင်းအနေနဲ့လည်း သူတို့ရဲ့အကောင်းဆုံးပုံစံတွေကိုပြသပြီး ESL One Hamburg 2019 ရဲ့ Champion ဖြစ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။