မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် အနုပညာနယ်ပယ်မှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်မကတောင် ရှိနေပါပြီနော်။သက်မွန်ကလည်း အခုချိန်မှာဆိုရင် မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်သူတစ်ယောက်ဖြစ်သလို ပရိသတ်အင်အားအများအပြားကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်ရွှေမင်းသမီးလေးဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page

သက်မွန်က နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သားတစ်ယောက်သမီးတစ်ယောက် မွေးဖွားထားတာဖြစ်ပါတယ်။ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် နုငယ်ပျိုမျစ်နေပြီး ဟိုးအရင်တုန်းကလို အလှအပတွေကလန်းဆန်းနေဆဲဖြစ်လို့ ပရိသတ်တွေကတောင် သက်မွန်ရဲ့အလှအပတွေကိုချီးကျူးနေရတာဖြစ်ပါတယ်။

Photo Credit:Bling Bling Photography
Photo Credit:Bling Bling Photography
Photo Credit:Bling Bling Photography

မနေ့ကညနေပိုင်းမှာဆိုရင် အနုပညာရှင် ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲလေးကို အနုပညာမောင်နှမတွေနဲ့အတူ ချစ်သက်ကလည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်နော်။သက်မွန်ကတော့ မြန်မာဆန်တဲ့အလှအပတွေနဲ့ ခမ်းနားထည်ဝါစွာ လှပနေပြီး ကျက်သရေအဖြာဖြာနဲ့ပြည့်စုံနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Bling Bling Photography
Photo Credit:Bling Bling Photography
Photo Credit:Bling Bling Photography

Source:Thet Mon Myint's Page

Photo Credit:Bling Bling Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။