ဝါရင့်သရုပ်ဆောင် မင်းသားကြီးလူမင်းကတော့ ပွဲအခမ်းအနားတော်တော်များများကို ချစ်ဇနီးနဲ့အတူ တက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။ မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ချစ်စနိုးဦးရဲ့မင်္ဂလာပွဲကိုလည်း လူမင်းတို့ဇနီးမောင်နှံက အတူတကွတက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ ရန်ကုန်မြို့ရှိ Novotel Yangon Max မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့ စုလျားရစ်ပတ်လက်ထပ်မင်္ဂလာပွဲကိုတော့ လူမင်းတို့ဇနီးမောင်နှံအပြင် အနုပညာရှင်တော်တော်များများလည်း တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီးချောမောခန့်ညားလာတဲ့ လူမင်းတစ်ယောက် ချစ်ဇနီးလေးရဲ့လက်ကိုတွဲပြီး ကြည်နူးပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိနေတဲ့ လူမင်းတို့စုံတွဲကတော တကယ့်ကိုအားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

အခုလည်း လူမင်းတို့ဇနီးမောင်နှံက '' Congratulations" မောင်လေးဖိုးသား+ ညီမလေးချစ်စနိုးဦး" ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေ '' ဆိုပြီး အသစ်စက်စက်မင်္ဂလာစုံတွဲအတွက် ဂုဏ်ပြုစကားပြောကြားပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စနိုးဦးရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Ayarwaddy Lu Min's Fb

Photo Credit - Amazing Grace

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။