သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေသည်းသည်းလှုပ် အားပေးဝန်းရံခဲ့ရတဲ့ ပြည်သူအချစ်တော်တစ်ဦး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်တဲ့ နန္ဒာလှိုင်က အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကတော့ သမီးလေးသုံးယောက်နဲ့ တကယ့်ကို ပျော်ရွှင်စရာကောင်းလှပါတယ်။
နန္ဒာလှိုင်တို့မိသားစုလေးက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူအတန်းတွေ မကြာခဏပြုလုပ်လေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီနေ့အောက်တိုဘာလ (၂၇) ရက်နေ့မှာလည်း နန္ဒာလှိုင်တို့မိသားစုလေး လူစုံတက်စုံနဲ့ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီအလှူပွဲကြီးကို မရမ်းကုန်မြို့နယ်ရှိ မေတ္တာရိပ်သာကျောင်းတော်ကြီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နန္ဒာလှိုင်က ''ယနေ့အလှူ မေတ္တာရိပ်သာကျောင်းမှာ ကထိန်သင်္ကန်းကပ်ပါတယ်'' ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မိသားစုဝင်တွေ စုံစုံလင်လင်နဲ့ ဆက်ကပ်လှူဒါန်းတဲ့ အလှူမင်္ဂလာပွဲကြီးကတော့ တကယ့်ကို သာဓုခေါ်ချင်စရာကောင်းလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင်တို့မိသားစုရဲ့အလှူတော်မင်္ဂလာပွဲက ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit- Nandar Hlaing's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။