မြန်မာအမျိုးသမီး ယူ-၁၉အသင်းဟာ အုပ်စု(ခ)တွင် အာရှအင်အားကြီးအသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၈ရက်၊ မြန်မာစံတော်ချိန် ၃:၃၀ အချိန်တွင် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

ဂျပန်အသင်းနှင့် တွေ့ဆုံနေသည့် အဖွင့်ပွဲစဉ်နှင့်ပတ်သတ်၍ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ ဒီလိုအသင်းကြီးတွေ ပါဝင်နေတဲ့ အုပ်စုမှာ ကစားခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ပြိုင်ဘက်တွေက အသင်းကောင်းတွေဆိုပေမဲ့ ဒီအချက်အပေါ် စိုးရိမ်နေမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်တိုင်းကို လေးစားမှုအပြည့် နဲ့ ကစားသွားမှာဖြစ်သလို ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီးအကောင်းဆုံး ပုံစံကို ပြသသွားပါမယ်” ဟု ပြောကြားခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

မြန်မာအသင်းနဲ့အဖွင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားရမည့် ဂျပန်အမျိုးသမီး ယူ-၁၉ အသင်းနည်းပြချူပ် Mr. Futoshi Ikeda က “ဒီပြိုင်ပွဲမှာ ရည်ရွယ်ချက်နှစ်ခုနဲ့လာရောက်ယှဉ်ပြိုင်တာပါ။ ပထမအချက်က ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရေး ဖြစ်ပြီး ဒုတိယအချက်က ချန်ပီယံဆုကာကွယ်ဖို့ပါ။ ပွဲစဉ်တိုင်းမှာ အမှတ်ပြည့်ရဖို့ ကြိုးစားမှာပါ။ အဖွင့်ပွဲစဉ်တိုင်းက ခက်ခဲလေ့ရှိတာကြောင့် ရလဒ်ကောင်းရရှိအောင် သေချာပြင်ဆင်ထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

source:MFF' s facebook

photo credit :MFF' s facebook
photo credit :MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။