အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ ညနေပိုင်း ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၂၇ရက်က မွန်အသင်းနဲ့ ရှမ်း (တောင်)အသင်း၊ စစ်ကိုင်းအသင်းနဲ့ ပဲခူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။မွန်အသင်းနဲ့ ရှမ်း( တောင်) အသင်းတို့ပွဲစဉ်မှာ ရှမ်း(တောင်) အသင်းက( ၃-ဝ) ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

စစ်ကိုင်းအသင်းနဲ့ ပဲခူးအသင်းတို့ပွဲစဉ်မှာတော့ စစ်ကိုင်းအသင်းက ( ၂-၁) ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲဆီမီးဖိုင်နယ်မှာ မကွေးအသင်းနဲ့ ချင်းအသင်း၊ ရှမ်း(တောင်)အသင်းနဲ့ စစ်ကိုင်းအသင်းတို့တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အရည်အသွေးရှိပြီးအနာဂတ်မှာထွန်းတောက်မယ့် လူငယ်တွေ များစွာမြင်တွေ့ခဲ့ရပါတယ်။

source: MFF' s facebook

photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။