ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ဗီယက်နမ်တို့တွင် ဖားကို အရှင်လတ်လတ် စားတာနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ အစားအကျူးဆုံး သတ္တဝါလို့ဆိုရမယ့် လူသားတို့သည် ငါး၊ အရွက်၊ သစ်သီး၊ သစ်ဥ စသည့် စားစရာမှန်သမျှကို ချက်ပြုတ်၊ ကြော်လှော်သည့် နည်းမျိုးစုံဖြင့်စားသောက်တတ်ကြသည့် အပြင် အရှင်လတ်လတ် စားသောက်မှုများကိုပါပြုလုပ်လာကြတာဖြစ်ပါတယ်...။

photo credit pngtree

ဂျပန် အမျိုးသမီးတစ်ယောက်က ဖားအရှင်ကိုစားပြနေသည့် ဗီဒီယိုကို လူအများကြည့်ဖူးကြမှာဖြစ်ပါတယ်...။ ထိုသို့ ဖားကို အရှင်စား ခြင်းသည် ထိုဂျပန် အမျိုးသမီးတစ်ဦးတည်းသာမဟုတ်ဘဲ ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှ အမျိုးသား တစ်ဦး သည်လည်း ဖားနှင့် ကြွက်များကို နှစ်ပေါင်းလေးဆယ်ကျော်စားနေသူအဖြစ် ထင်ရှားခဲ့ပါတယ်...။ သူ၏ အဆိုအရ အပင်များ တွင်ကပ် နေတတ်သည့် ဖားများနှင့် ကြွက်များကိုစားသဖြင့် သူ့တွင် အစာချက်မှုဆိုင်ရာ ပြဿနာများ မည်သို့မျှ မရှိသည့်အပြင် သူ့အား ခန္ဓာကိုယ် တောင့်တင်းသန်မာလာစေသည်ဟု ဆိုပါတယ်...။

photo credit pngtree

အာရှနိုင်ငံများဖြစ်သည့် တရုတ် ၊ဂျပန် ဗီယက်နမ်တို့တွင် အစားအစာများကို အရသာထူးကဲအောင်ချက်ပြုတ်စားသောက် တတ်ကြသည်မှာ ထုံးစံတစ်ရပ်ပင်ဖြစ်ပါတယ်...။ သို့သော်လည်း ဖားများကို မသေမရှင် ကြော်ချက်၍ ပန်းကန်ပြားများအတွင်း လှီးဖြတ် စားသောက်ကြစဉ် သေကုန်ကြသည်လည်းရှိပါတယ်...။ ဂျပန်နိုင်ငံတွင် ငါးကို စားသုံးနေစဉ် မသေမရှင်ဖြစ်နေသောငါး၏ ပါးဟက်များက လှုပ်နေသည်ကို ပင်မြင်နိုင်ကြပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။