ကြော်ငြာများစွာမှာ နာမည်ကြီး ရေပန်းစားခဲ့ပြီးရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကား ပေါင်းများစွာရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ကြည်လဲ့လဲ့ဦး ဟာ သရုပ်ဆောင်မင်းသားဖြစ်သူ ကိုဇာနည်နဲ့ အိမ်ထောင်ကျပြီး နောက်ဇာတ်ကား ရိုက်ကူးမှုနည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ဝါစိမ်းနီ ရုပ်သံစီးရီးဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားတယ်လို့ သိရပါတယ်။ဒီမနက်မှတော့ သရုပ်ဆောင်မင်းသားဖြစ်သူ ကိုဇာနည်က သရုပ်ဆောင် ကြည်လဲ့လဲ့ဦး နဲ့လမ်းခွဲစာရေးတဲ့အခါ ပရိသတ်တွေက စိတ်ပူသွားကြပါတယ်…ဘာလို့လဲဆိုတော့က

“ #သူ နဲ့ #ကျွန်တော် လမ်းခွဲလိုက်ပါပြီ..(၁၁.၀၅.၂၀၁၇)

အများ သိရအောင် ပွင့်ပွင့်လင်းလင်း ရှင်းပြတာပါ....

စိတ်မကောင်းတော့ မဖြစ်ကြပါနဲ့....

ဘယ်သူမှ လဲယုံနိုင်မယ်မထင်ဘူး...

မနေ့ ကပဲအကောင်းကြီးဗျာ...ကျွန်တော်ကိုယ်တိုင်တောင်မယုံနိုင်ဘူးဗျာ...

ဘယ်တတ်နိုင်မလဲဗျာ....

စိတ်မကောင်းတော့ တော်တော်ဖြစ်မိတယ်ဗျာ...

ဒီအချိန် ထိ ဘယ်သွားသွား ဘယ်လာလာ အမြဲ တပူးပူးတတွဲတွဲနေလာခဲ့တာ နှစ်ပေါင်း ၁၃ နှစ်ရှိပြီလေ...

စဉ်းစားကြည့် ပါ... ကျွန်တော့် အနေနဲ့ ဘယ်လောက် ဝမ်းနည်း မလဲဆိုတာကို...

သူ့ကိုကျွန်တော် ဘယ်လိုစိတ်ချမလဲ....

ဘယ်လိုစိတ်မျိုးနဲ့သူ့ကို ထားခဲ့ရက်မလဲဗျာ....

ကျွန်တော် အမျိုးမျိုး ဖြောင်းဖျပါသေးတယ်...

ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မပြင်နိုင်တော့ ပါဘူးတဲ့.....

ကျွန်တော် သေချာရှင်းပြပါတယ် ....

ငါသွားချင်တဲ့လမ်းကြောင်း က ဒီလို...

မင်းဖြစ်ချင်တာ ကို ငါလုပ်ပေးပါ့မယ်...ခဏစောင့်ပါ

ဒါပေမယ်အခုလောလောဆယ် ငါသွားမယ့် လမ်းကြောင်းနဲ့ လွဲနေလို့ပါ ဆိုတာ ကို အခါ ၁၀၀မကဘူး ရှင်းပြပါတယ်....

လုံးဝမရဘူးဗျာ....

သူ့ဘက်ကလဲ ဆုံးဖြတ်ပြီးသား မပြင်နိုင်တော့ဘူးတဲ့လေ...

စိတ်တော့ ဘယ်ကောင်းပါ့မလဲဗျာ...

ကျွန်တော်လဲ ဘယ်လမ်းခွဲ ချင်ပါ့မလဲ...

ဝမ်းအနည်းဆုံး က ခလေးတွေအတွက်ပါ...

သူတို့မှာ အဖေ နဲ့ ပဲလိုက်ရမလိုလို...အမေနဲ့ပဲ လိုက်ရမလိုလိုနဲ့ဗျာ...

တကယ့်ကို လုံးဝ မကြည့်ရက် လောက်အောင်ကို ဆုံးဖြတ်ခက်နေကြတာ သူတို့အရွယ်လေးတွေ နဲ့မလိုက်ဘူးဗျာ...

ကျွန်တော်စိတ်မကောင်းဆုံးက အဲ့ဒါပဲ... ? ? ?

ဒါပေမယ့် ဘာတတ်နိုင်မလဲ သွားချင်ကြတဲ့လမ်းကြောင်းချင်းမှ မတူကြတော့လဲ လမ်းခွဲကြရုံပေါ့ ဗျာ...

မဟုတ်ဘူးလား...

အချိန်တစ်ခုမှာတော့ပြန်ဆုံကြတာပေါ့လေ....

ခင်ဗျားတို့ စဉ်းစားကြည့် ...

ကျွန်တော်သေချာရှင်းပြတယ်...

မိန်းမရယ် ငါသွားချင်တဲ့ လမ်းကြောင်း ကမြို့ထဲကို သွားမှာ ဒီ အချိန် ကား ရှင်း တုန်းလေး အရင်သွားလိုက်ကြမယ်...

အပြန်ကြမှ မင်း ဝင်ချင်တဲ့ City Mart ကို ငါလိုက်ပို့ပေးပါမယ် ဆိုတာ လုံးဝလက်မခံဘူး.....

City Mart ကိုအရင်သွားမယ်ဆိုချည်းပဲ...

သူ့ဆုံးဖြတ်ချက်ကို မပြင်ဘူးတဲ့လေ...

ဒီတော့လဲ ဘယ်တတ်နိုင်ပါ့မလဲဗျာ....

သူ့ကို City Mart မှာ အရင်ချပေးပြီး မြို့ထဲ ကအပြန်ကျ မှပဲ ဝင်ခေါ်ရတော့ မှာပေါ့.....

ခလေးတွေ ဆိုတာ...

အဖေ နဲ့ပဲမြို့ထဲလိုက်ရမလိုလို အမေနဲ့ City Mart ပဲလိုက်ရမလိုလိုနဲ့ ဆုံးဖြတ်ခက်နေကြတာ...

သနားစရာဗျာ...

၁၃ နှစ်တာ ကာလ အတွင်း အခုလို တခါမှ လမ်းမခွဲဘူး တာဆို တော့ ကျွန်တော် ဘယ်လောက်ဝမ်း နည်းနေမယ်ဆိုတာ ....

စဉ်းစားသာ ကြည့်ကြပါတော့ဗျာ...

မတတ်နိုင်ဘူး အချိန်တစ်ခု ကြလို့ အပြန် သူ့ကို ပြန်ဝင် ကြို ရင်တော့ ပြန်ဆုံကြတာပေါ့လေ....

အခုတော့ လမ်းခွဲလိုက််ပါပြီ....

ဇာနည်... (၁၁.၀၅.၂၀၁၇) ” သရုပ်ဆောင်မင်းသားဖြစ်သူ ကိုဇာနည်က သူ့ဖေ့ဘွတ်မှာတင်ထားပါတယ်.

တကယ်ဆိုအဲ့တာ ပရိသတ်တွေကို ပျော်စေချင်လို့တင်လိုက်ရတဲ့စတေးတပ်တစ်ခုပါ..

Source: ဇာနည်ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။