လက်ရှိလူမှုကွန်ယက်စာမျက်နှာထက်မှာတော့ သရုပ်ဆောင် နေတိုးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ပါဝင်ထားတဲ့ ''Box No.88'' ဇာတ်ကားကြီးက အတော်လေးရေပန်းစားနေတာ ဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ (၇) ရက်နေ့ကစတင်ပြီး ရုံတင်ပြသတော့မယ့် ဒီဇာတ်ကားကြီးက Official Trailer နဲ့တင် စိတ်ဝင်စားမှုရရှိနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ အကြီးအကျယ်အေင်မြင်မှုရရှိလာဦးမယ့် ဇာတ်ကားသစ်ကြီးလည်း ဖြစ်ပါတယ်။

Photo Credit- 7th Sense Creation
Photo Credit- 7th Sense Creation
Photo Credit- 7th Sense Creation

ပြီးခဲ့တဲ့အောက်တိုဘာလ (၂၆) ရက်နေ့မှာတော့ '' Box No.88 '' ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ပီပြင်ပြောင်မြောက်လွန်းတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်ရဲ့သရုပ်ဆောင်မှုတွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ အနုပညာရှင်တွေလည်းရှိခဲ့ပါတယ်။ သူတို့ကတော့ ဝါဆိုမိုးဦး၊ မေတိုးခိုင်နဲ့ ရွှေရင်အေးတို့မင်းသမီးချောလေးသုံးယောက်ပဲ ဖြစ်ပါတယ်။

Photo Credit- 7th Sense Creation
Photo Credit- 7th Sense Creation
Photo Credit- 7th Sense Creation

မိခင်တစ်ယောက်ရဲ့ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့အပိုင်နိုင်ဆုံးဖြစ်အောင် သရုပ်ဆောင်ပြသွားတဲ့ အူဝဲရဲ့အိုက်တင်တွေကြောင့် သူမတို့သုံးယောက်လုံး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ မေတိုးခိုင်အနေနဲ့လည်း ဇာတ်ကားပြီးဆုံးသွားတဲ့အထိ ထိုင်ခုံမှာထိုင်ပြီး မျက်ရည်ကျနေခဲ့ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲချစ်ပရိသတ်တွေအတွက် အူဝဲရဲ့သရုပ်ဆောင်မှုတွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ မေတိုးခိုင်တို့သုံးယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo & Video Credit : 7th Sense Creation

Photo Credit- 7th Sense Creation
Photo Credit- 7th Sense Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။