ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ဘာမြူဒါတြိဂံမှ လွတ်မြောက်ခဲ့တဲ့ သင်္ဘောအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်လို့ စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်...။ ၂၀၁၅ မေလ ၁၆ ရက်နေ့ နံနက်ခင်းတစ်ခုမှာ ကျူးဘားနိုင်ငံ စစ်ရေး ဧရိယာ အတွင်းသို့ သင်္ဘော တစ်စီးက ချိုးဖောက် ဝင်ရောက်လာခဲ့ပါတယ်...။ ထိုအကြောင်းကို ကမ်းခြေစောင့်တပ်ဖွဲ့က radar ထဲတွင် ထောက်လှမ်းမိခဲ့တာဖြစ်ပါတယ်...။

Photo credit Once A Glance Page

၎င်းသင်္ဘောကို စစ်တပ်မှ လှမ်းပြီးဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ သည့်အတွက် စစ်ရေး အထူးစီမံထားသည့် စက်လှေ သုံးစီးဖြင့် ဝန်းရံကာ သင်္ဘောကို တက်ရောက်ပြီး ရှာဖွေစစ်ဆေးသော်လည်း သင်္ဘောပေါ်တွင်လူတစ်ယောက်မှ မရှိသည့်အတွက် အလွန် အံအားသင့်ခဲ့ရပါတယ်..။ သင်္ဘောနေရာ အနှံ အပြားကို ဆက်လက် လေ့လာရာ လွန်ခဲတဲ့ နှစ်ပေါင်း တစ်ရာကျော်လောက်က သင်္ဘောဖြစ်နေပြီး သင်္ဘောကပ္ပတိန် ၏ မှတ်တမ်းစာအုပ် "log book" တစ်ခု ကို အခြေခံ၍ သင်္ဘော ၏ ရာဇဝင်ကို လေ့လာကြည့်တဲ့အခါမှာတော့ "ထိုသင်္ဘောသည် တောင်ကာရိုလိုင်းနား(South Carolina ) မှ သင်္ဘောသား ၃၂ ဦး နှင့်အတူ ကုန်တန်ချိန် ၂၃၄၀ ကိုသယ်ဆောင် ထွက်ခွာလာပြီး ဘာမြူဒါ တြိဂံကိုဖြတ်သန်းကာ ကျုးဘားနိုင်ငံသို့ခုတ်မောင်းလာစဉ် ဘာမြူဒါတြိဂံထဲတွင် ပျောက်ဆုံးခဲ့တာဖြစ်ပြီး...၊ SS Cotopaxi အမည်ရှိ သင်္ဘောဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်"...။

Photo credit Once A Glance Page

သင်္ဘော၏ "log book" ထဲတွင်လည်း "29th Nov 1925" နေ့စွဲ အထိသာ မှတ်တမ်းမှတ်ရာများ တွေ့ရှိခဲ့ရပြီး နှစ်ပေါင်း ၉၀ တိုင်တိုင် မည်သည့် မှတ်တမ်း သဲလွန်စမှ မတွေ့ရတော့တာဖြစ်ပါတယ်..။ ကျူးဘားနိုင်ငံ ဗိုလ်ချုပ် "Abelordo Colome" ကတော့ သူ့နိုင်ငံ အစိုးရအဖွဲအစည်း များကို မိန့်ခွန်းပြောခဲ့ရ၌ ဒီလို ပဟေဋ္ဌိ ဆန်တဲ့ ပျောက်ဆုံးမှုမျိုး ပြန်ပေါ်လာမှု မျိုးဟာ တော်တော်ဆိုးပါတယ်...။ "ဒီကိစ္စကို အသေးစိတ် စုံစမ်း ဖို့လိုကြောင်း နောက်တစ်ခါ ဤကဲ့သို့အဖြစ်မျိုး ထပ်ကြုံခဲ့လျင် နိုင်ငံတော် ဘဏ္ဏာ ကိုလည်း ထိခိုက်ကြောင်း ဒီလို ပဟေဋ္ဌိဆန်ဆန် အဖြစ်မျိုး ထပ်မဖြစ်အောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း" ပြောကြားသွာခဲ့ပါတယ်...။ ခေတ်သစ် လူ့အဖွဲအစည်းတွေ အနေနဲ့ သိသင့်တာကတော့ ပုံမှန်မဟုတ်တဲ့ ပျောက်ဆုံးမှုတွေ ထိန်းချုပ် မရနိုင်တဲ့ကိစ္စ အကြောင်းတရားတွေဟာ ဘာမြူဒါမှာ တစ်ခါတစ်လေတွေ့ကြုံရတတ်ပါတယ်။ Atlantis ကုန်းမြေတစ်ခုလုံးတောင်မှ အကြာင်းပြချက်မရှိဘဲ ပျောက်ဆုံးခဲ့ရဖူးပါတယ်...။ လူ့အဖွဲအစည်း တော်တော်များများဟာ ဘာမြူဒါမှာ ဒီလိုဖြစ်ရပ်တွေ ကြုံတွေရတဲ့ အကြောင်းကို ယုံကြည်ကြပေမယ့်...၊ သိပ္ပံ ပညာရှင် တစ်ချို့ကတော့ ဘာမြူဒါကို အသိအမှတ် မပြုနိုင်သေးပါဘူး...။ SS Cotopaxi သင်္ဘောရဲ့ အဖြစ်အပျက်ကို သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းမှာ လူသိများခဲ့တဲ့အတွက်ကြောင့် အသိအမှတ် မပြုသေးတဲ့ တစ်ချို့သော ပညာရှင်တွေလည်း အလေးအနက် စဉ်းစားစရာ ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်...။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page
Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။