အနုပညာအလုပ်တွေကိုလုပ်ခဲ့စဉ်ကလည်းအောင်မြင်ခဲ့ရုံသာမကခုချိန်မှာလည်းပျော်ရွှင်စရာမိသားစုလေးမှာပရိသတ်တွေရဲ့အချစ်တွေနဲ့သာယာကြည်နူးဖွယ်ကောင်းနေတာကတော့သဉ္ဇာနွယ်ဝင်းပါ။ သူမကတော့ယနေ့တိုင်ပရိသတ်တွေအားပေးမှုတွေအပြည့်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီးသားလေးကလည်းဖေဖေမေမေတို့ရဲ့အချစ်တွေသာမကပရိသတ်တွေရဲ့အချစ်တော်ပါ။

Photo Credit - Thinzar Nwe Win’s Facebook
Photo Credit - Thinzar Nwe Win’s Facebook
Photo Credit - Thinzar Nwe Win’s Facebook

မိသားစုလိုက်ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေအားကျနေရတာပါ။သူတို့မိသားစုလေးကတော့တစ်ယောက်ကိုတစ်ယောက်နွေးထွေးမှုတွေနဲ့ပြည့်နှက်နေတာကြောင့်ပရိသတ်တွေအားကျနေရတာပါ။ ဒါ့အပြင် မကြာခင်မှာလည်း သမီးလေးဟာလည်း လူ့လောကထဲကိုဝင်ရောက်လာတော့မှာပါ။

Photo Credit - Thinzar Nwe Win’s Facebook
Photo Credit - Thinzar Nwe Win’s Facebook

အခုမှာလည်း ချစ်ရတဲ့မိသားစုနဲ့အတူ အပြင်မှာညစာစားသောက်နေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ဘယ်နေရာရောက်ရောက်ဆော့တက်တဲ့သားလေးနဲ့ ပါပါးမာမား " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Thinzar Nwe Win’s Facebook 

Source - Thinzar Nwe Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။