ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး ယွန်းယွန်းဟာဆိုရင် အခုချိန်မှာ အရမ်းကိုလှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဖြစ်လာပါပြီနော်။ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်လာခဲ့ပြီး ယနေ့ထိတိုင် ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo Credit:PHONN photography
Photo Credit:PHONN photography
Photo Credit:PHONN photography

ယွန်းယွန်းက သူမရဲ့ဆံနွယ်ရှည်ကိုလည်း ကလေးဘဝကနေအခုထိ မြတ်မြတ်နိုးနိုးနဲ့ ထားတာဖြစ်ပါတယ်။ဆံနွယ်ရှည်က ယနေ့ခေတ်မှာရှားပါးသွားပြီဖြစ်လို့ ပရိသတ်တွေက ယွန်းယွန်းရဲ့ ဆံပင်ကိုအရမ်းသဘောကျကြပါတယ်‌နော်။အေးချမ်းကြည်လင်ပြီး မြင်သူတကာငေးရလောက်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းက စိတ်ထားလေးကလည်းဖြူစင်တဲ့သူပါနော်။

Photo Credit:PHONN photography
Photo Credit:PHONN photography
Photo Credit:PHONN photography
Photo Credit:PHONN photography

မိဘစကားကိုမြေဝယ်မကျနားထောင်ပြီး လုပ်ကျွေးပြုစုနေတဲ့သမီးလိမ္မာလေးဖြစ်လို့ အောင်မြင်မှုတိုင်းကို ရရှိနေတာဖြစ်ပါတယ်။ပညာ‌ရေးကိုလည်းကြိုးစားတာကြောင့် အခုဆိုရင်တော့ ယွန်းယွန်းက abeဘွဲ့ကို ရရှိခဲ့တာဖြစ်လို့ ဖေဖေ မေမေတို့နဲ့အတူ သူမရဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့တာဖြစ်ပါတယ်။graduationနေ့လေးမှာ အရမ်းပျော်နေတဲ့ ယွန်းယွန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:PHONN photography
Photo Credit:PHONN photography
Photo Credit:PHONN photography
Photo Credit:PHONN photography

Source:Yoon Yoon's Facebook

Photo Credit:PHONN photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။