Photo credit. ESL

TNC Predator အသင်းကတော့ သူတို့ရဲ့ပြောင်းလဲထားတဲ့ လူစာရင်းအသစ်နဲ့အတူ ESL One ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသနိူင်ခဲ့တာတွေ့ရပါတယ်။ Gabbi ရဲ့ တစ်ကိုယ်တော် performance တွေကလည်းတော်တော်လေးကောင်းမွန်လာခဲ့သလို Armel ရဲ့ early game တစ်ခုလုံးကို control လုပ်ပြီး space ရှာပေးပုံတွေကလည်း enemy team တွေကို တော်တော်လေးအခက်တွေ့စေခဲ့ပါတယ်။

ပွဲစဥ်တစ်လျှောက်လုံးမှာလည်း TNC အသင်းဟာ အကောင်းဆုံး performance တွေကိုပြသနိုင်ခဲ့သလို Gambit Esports ကိုအနိုင်ရပြီး Grand final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Grand final မှာတော့ Alliance ကိုအနိုင်ရရှိပြီး grand final ကိုတက်ရောက်လာတဲ့ Gambit Esports နဲ့ပဲ ပြန်လည်တွေ့ဆုံခဲ့ပြီး 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိကာ ESL One Hamburg 2019 ရဲ့ Champions ဖြစ်လာခဲ့ပါတယ်။

အခုလို TNC champions ဖြစ်လာတာဟာ ကျနော်တို့ sea region အတွက်တော့ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး sea region ကအသင်းတွေလည်း အမောက်နဲ့ပါဆိုတာကို ပြသနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Photo credit. ESL
Photo credit. ESL
Photo credit. ESL

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။