တည်ကြည်တဲ့မျက်နှာလေးကြောင့် ပရိသတ်တွေအားပေးချစ်ခင်နေရတာကတော့သရုပ်ဆောင် ဝါဆိုမိုးဦးပါ။ ဝါဆိုဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမက အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ပါ။

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း ခန္ဓာကိုယ်လေးနဲ့အရမ်းကိုလိုက်ဖက်တင့်တယ်ပြီး ပွဲလာသူပရိသတ်တိုင်းကို လည်ပြန်ငေးယူရတာပါ။ ဝါဆိုဟာ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေရတာပါ။ အခုတစ်ခါမှာလည်း သူမရဲ့ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကို ဝေမျှလိုက်ပြန်ပါပြီ။ 

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ဒီနေ့ Armani Exchange ပွဲလေးတက်ခဲ့တယ်

#armaniexchange " ဆိုပြီး တက်ရောက်ခဲ့တာပါ။ သူမဟာ ဒီပွဲလေးမှာ တစ်ကိုယ်လုံးကို အနက်ရောင်ဖက်ရှင်ဆင်မြန်းခဲ့တာပါ။ ပရိသတ်တွေအတွက် ဝါဆိုရဲ့ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Warso Moe Oo’s Facebook 

Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook
Photo Credit- Warso Moe Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။