စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော စိုးပြည့်သဇင်ကတော့ ရိုးအေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

ရိုးရှင်းအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ စိုးပြည့်လေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူလေး တစ်ယောက်ပါပဲ..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို ပီပြင်တဲ့သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားပြီး ပရိသတ်တွေရင်ထဲနေရာယူထားသူလေးလည်း ဖြစ်ပါတယ်..။

အသည်းကျော်လေး စိုးပြည့်ကတော့ လတ်တလောမှာလည်း "သုံးပန်လှကျိန်စာ"ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ပုဂံခေတ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

"ရှင်စောဖြူထိပ်ထား"လေးအဖြစ် မြင်တွေ့ရမယ့် စိုးပြည့်လေးဟာ ပုဂံခေတ် နန်တွင်းအပြင်အဆင်လေးတွေနဲ့ နန်းဆန်စွာလိုက်ဖက်ညီ ကျော့ရှင်းစွာလှသွေးကြွယ်လွန်းနေတာမို့ အားလုံးကလည်း သဘောကျနေကြတာပါနော်..။

ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း စိုးပြည့်လေးက

"ငါ့အမုန်းနဲ့ငါ့ကျိန်စာကိုဖျက်ဖို့မကြိုးစားမိစေနဲ့....

ရှင်စောဖြူထိပ်ထား

သုံးပန်လှကျိန်စာ.." ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

Photo Credit - Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။