သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ လက်ရှိမှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းနေတာ ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ လွင်မိုးက အခုဆိုရင် ချစ်စရာကောင်းတဲ့ မြေးချောလေးတစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ လွင်မိုးရဲ့မြေးလေးလွင်ထက်ကလည်း အဘိုးဖြစ်သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ ကလေးလေး ဖြစ်ပါတယ်။

Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB

ဒါကြောင့်လည်း Liam လေးကို ဘိုးဘိုးဘွားဘွားတွေသာမက ပရိသတ်တွေအားလုံးကပါ ဝိုင်းတုန်ချစ်နေရတာ ဖြစ်ပါတယ်။ လမ်းစလျှောက်တတ်နေပြီဖြစ်တဲ့ Liam လေးက အခုလည်း ဘိုးဘိုးဘွားဘွားတွေနဲ့အတူ ခရီးထွက်နေတာ ဖြစ်ပါတယ်။ Liam လေးတို့မိသားစုက ကလောမြို့လေးကို အပန်းဖြေခရီးထွက်ရင်း အနားယူနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB

အခုလည်း ဘိုးဘိုးလွင်မိုးက ''မြန်မာပြည်မှာလည်း စိုက်ပျိုးရေး မွေးမြူရေး တွေနဲ့ တောအတွင်းမိသားစုတွေနဲ့ လည်ပတ်နိုင်တဲ့ ကလောမြို့ အနီးက The Hotel Kalaw Hill Lodge ..ကစိတ်ဝင်စားစရာပါ''ဆိုပြီး သူတို့မိသားစုရဲ့ပုံလေးတွေကို တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ Liam လေးနဲ့ ဘိုးဘိုးဘွားဘွားတွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Lwin Moe's FB

Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB
Photo Credit -Lwin Moe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။