ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုဟာဆိုရင် အနုပညာကို ဝါသနာအရ ကြိုးစားတဲ့သူဖြစ်လို့ သူမရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့အမျိုးအစားထဲ ပါဝင်ပါတယ်နော်။ပရိသတ်တွေကတော့ ပိုင်ဖြိုးသုကို သုသုလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV

သုသုက စိတ်ထားလေးလည်း ဖြူစင်မွန်မြတ်ပြီး သဘောမနောကောင်းသူဖြစ်လို့ လူချစ်လူခင်ပေါများတဲ့သူလည်းဖြစ်ပါတယ်။သုသုရဲ့ ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း ရိုးသားအေးဆေးတာကြောင့် သုသုတို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီပြီး ပြီးပြည့်စုံတဲ့ စုံတွဲလေးဖြစ်ပါတယ်နော်။သုသုတို့ဇနီးမောင်နှံက နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အနုပညာတွေကို ဖန်တီးကြဦးမှာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

သုသုကတော့ လက်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဖိတ်ကြားလာတဲ့ပွဲတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း "သခင်ကြီးနှင့် ငါးပိရည်တို့စရာ"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Redcarpetပွဲကို တက်ရောက်လာကာ သက်မွန်မြင့်၊ရွှေသမီးတို့နဲ့အတူ ရင်းနှီးဖော်ရွေစွာ ဆက်ဆံပြီး မြန်မာဆန်ဆန်လှပနေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

Source:Paing Phyo Thu's Page

Photo Credit:RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။