သင်ပြောနေကြစကားတွေကြောင့် သူတို့သင့်ကို ပိုပိုပြီး စိတ်ပျက်လာနိုင်တယ်ဆိုတာ သိကြရဲ့လား ပျိုမေတို့။

“ငါးမိနစ်လောက်ပဲ၊ ပြီးတော့မယ်”

သူတို့ရဲ့ စိတ်ရှည်သည်းခံမှုကို သွားမစမ်းပါနဲ့နော် ကောင်မလေးတို့။ သူတို့က သင် မိတ်ကပ်လိမ်းတဲ့အချိန်ကို စောင့်ဖို့ရာ အရင်ထဲက သိပ်ဝါသနာပါနေတဲ့သူတွေ မဟုတ်ပါဘူး။

“အဲ့ဒါပဲ”

စိတ်ကုန်နေတဲ့အသံကြီးနဲ့ သင်ပြောတဲ့ပုံစံက သူတို့အတွက် တော်တော်ကြည့်ရဆိုးမှာပါ။ အိပ်ရာပေါ်မှာဆို ပိုဆိုးပါတယ်။

“ငါကချစ်ပါတယ်။ နင်ရော”

နှစ်ယောက်ချစ်လို့ပဲ ဒီနေ့အထိရောက်လာပြီမလား။ “နင်ရော”လို့ မေးလိုက်လို့ရော သူက “မချစ်ဘူး” လို့ ဖြေပါ့မလား။ ချစ်ချစ်၊ မချစ်ချစ် ဒီအဖြေတစ်ခုပဲရမှာ သိရက်နဲ့။

“Night Out !! ဘာလို့လဲ”

သူလည်း လွတ်လွတ်လပ်လပ်နေချင်ရှာမှာပေါ့။ သင် စိတ်မချရင် လိုက်သွားလိုက်ပါ။ အမြဲတမ်းချုပ်ချယ်မနေပါနဲ့။ အသက်ရှူပေါက်လေးပေးလိုက်ပါဦး ကောင်မလေးတို့။

“နင့် သူငယ်ချင်းတွေက ချီးထုပ်ပဲ”

ယောက်ျားလေးတွေက မိန်းကလေးတွေထက် သူတို့သူငယ်ချင်းတွေကို အလေးထားကြပါတယ်။ သူတို့နဲ့ အဆင်ပြေပြေနေချင်သေးတယ်ဆိုရင်တော့ ဒါမျိုးကို ရှေ့တင်ရော၊ နောက်ကွယ်မှာပါ မပြောမိပါစေနဲ့နော်။

“ငါ့ကိုတောင်းပန်ပါ”

ဒီစကားကတော့ သူ့တို့ရဲ့မာနကို တော်တော်ထိခိုက်မှာနော်။

“ငါ ဘောလုံးပွဲ မကြည့်ချင်ဘူး”

ဘောလုံးပွဲမကြည့်ချင်ရင် ကိုယ့်ဖာသာကိုယ်သာ ဂိမ်းဆော့နေလိုက်ပါ။ ဒါမှမဟုတ် Facebook ပွတ်နေပါ။ သူတို့ကတော့ သူတို့ရဲ့ အကြိုက်ကို သိပ်အလျှော့ပေးမယ် မမြင်ပါဘူး။

“နင့်အမေဆီ တစ်ချိန်လုံး ဖုန်းခေါ်မနေနဲ့လေ”

သွားမပြိုင်ပါနဲ့နော်။ ဟိုက အမေပါ။ လူက သင့်ရဲ့အနားမှာလေ မဟုတ်ဘူးလား။ စိတ်သာလျှော့ပြီး စိတ်သက်သာရာသာ လုပ်ပြီး နားပိတ်နေလိုက်ပါ။

“ဘာပဲဖြစ်ဖြစ်”

အထူးသဖြင့် ရန်ဖြစ်နေတဲ့အချိန်မှာ မပြောပါနဲ့။ ယောက်ျားလေးတွေက သိပ်လက်ပေါက်ကပ်ပါတယ်။ သင်က ရွဲ့ပြီး “ဘာပဲဖြစ်ဖြစ်” လို့ ပြောလိုက်တာကို သူတို့ကလည်း ဘာပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ်သွားပါလိမ့်မယ်။

“လှရဲ့လား”

တကယ်တော့ ယောက်ျားလေးတွေဟာ အလှအပကို ခံစားတတ်ပုံမရပါဘူး။ သူတို့ဆီက သင်ရမယ့် တစ်ခုတည်းသောအဖြေက “လှပါတယ်”။

“နင် ဘာမှမသိပါဘူး”

သင်လည်း အတူတူပါပဲ။ တစ်ချို့နေရာတွေမှာ ဘာမှမသိနိုင်ပါဘူးလေ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။