မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖွေးနူးညံ့တဲ့ အသားအရေလေးနဲ့ နုဖတ်လှပလွန်းတဲ့မိန်းမချောလေးတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးက နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးပြီး အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။

Photo Credit - Li John Photography
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB

လတ်တလောမှာတော့ ရွှေကစ်လေးက ပွဲအခမ်းအနားတွေလည်း အဆက်မပြတ်တက်ရောက်နေရသလို ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ဖက်ညီအောင် ဝတ်စားဆင်ယင်တတ်တဲ့ ရွှေကစ်လေးက သူမတူတဲ့ဖက်ရှင်လေးတွေနဲ့ လှနေတတ်တာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးတစ်ယောက် အဖြူရောင်ဖက်ရှင်လေးနဲ့ လူငယ်ဆန်ဆန် အလှတွေပိုနေပြန်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit Photo Credit-Wutt Hmone Shwe Yi's IG

ရွှေကစ်ကတော့ ဆွဲငင်အားပြင်းတဲ့ မျက်ဝန်းလေးတွေနဲ့ အပြည့်အဝဖမ်းစား ညို့ယူထားတာပဲ ဖြစ်ပါတယ်။ ကစ်လေးက အသက်တစ်နှစ်ကြီးလေ ပိုလှလေဆိုသလို တစ်နေ့တစ်ခြားပိုမိုနုပျိုလှပလို့လာတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wutt Hmone Shwe Yi's FB & IG

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။