မြန်မာနိုင်ငံအနှံ လူငယ်ကစားသမားမးပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီးအသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွေကို ရခိုင်ပြည်နယ်မှာကျင်းပနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အဆင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွင် ကျောက်ဖြူ(က)အသင်းက မောင်တောအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

photo credit: MNL' s facebook
photo credit: MNL' s facebook

ယနေ့နံနက်က စစ်တွေမြို့၊ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မောင်တောလူငယ်အသင်းနှင့် ကျောက်ဖြူ(က)လူငယ်အသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်တွင် ကျောက်ဖြူ(က)အသင်း(ခရမ်းရောင်)က နှစ်ဂိုး၊ တစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ ရလဒ်ကြောင့် ကျောက်ဖြူ(က)အသင်း အနေဖြင့် နှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် မှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပါတယ်။

photo credit: MNL' s facebook
photo credit: MNL' s facebook

ကျောက်ဖြူ(က)အသင်း အနေဖြင့် ဗိုလ်လုပွဲအဆင့်တွင် သံတွဲ(က)-ရသေ့တောင် ပွဲစဉ်မှ အနိုင်ရရှိလာသည့်အသင်းနှင့် ယှဉ်ပြိုင်ဗိုလ်လုရမည်ဖြစ်ပါတယ်။သံတွဲ(က)အသင်းနှင့် ရသေ့တောင်အသင်းတို့ အကြိုဗိုလ်လုပွဲစဉ်ကို ယနေ့ညနေ ၃း၃၀ အချိန်တွင် ဝေသာလီကွင်း၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါတယ်။

source:MNL' s facebook

photo credit: MNL' s facebook
photo credit: MNL' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။