ဂျာမနီအဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Mikis Weber ကတော့ မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ အောင်မြင်မှုရရှိနေသူ ဖြစ်ပါတယ်။ Mikis က အဆိုတော်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့ Mikis က သူ့ချစ်သူမြန်မာမလေးကိုလည်း တန်ဖိုးထားမြတ်နိုးသူ ဖြစ်ပါတယ်။

Photo Credit -Mikis Weber's FB
Photo Credit -Mikis Weber's FB
Photo Credit -Mikis Weber's FB

ချစ်သူသက်တမ်း( ၁ ) နှစ်ကျော်ရှိပြီဖြစ်တဲ့ Mikis နဲ့ စုစုဝေတို့စုံတွဲလေးက ဘာသာစကမတူ၊ လူမျိုးမတူပေမယ့် နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတာ ဖြစ်ပါတယ်။ အခုလည်း Mikis က ချစ်သူလေးနဲ့အတူရှိရတဲ့အချိန်တွေဟာ နှစ်အတော်ကြာရှိနေရသလို ခံစားမိကြောင်း ဖွင့်ဟပြောပြထားပါတယ်။ Mikis က ပုံလေးတွေနဲ့အတူ ချစ်သူမြန်မာမလေးအတွက် စကားဆိုထားတာ ဖြစ်ပါတယ်။

Photo Credit -Mikis Weber's FB
Photo Credit -Mikis Weber's FB

Mikis က '' အတူတူရှိနေတာ၂ နှစ်ရှိပြီ သို့သော် နှစ်ပေါင်း၇၀အတူတူရှိသလိုခံစားမိတယ်..doesnt feel like only 2 years....'' ဆိုပြီး သူရဲ့ခံစားချက်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။ Mikis တို့စုံတွဲလေးကတော့ တစ်နေ့တစ်ခြား အချစ်တွေတိုးပြီး ပျော်ရွှင်ကြည်နူးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့ချစ်သူနှစ်ဦးးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Mikis Weber's FB

Photo Credit -Mikis Weber's FB
Photo Credit -Mikis Weber's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။