မင်းသမီးချောလေး သင်ဇာဝင့်ကျော်ဟာဆိုရင် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို မော်ဒယ်လ်တစ်ယောက်အဖြစ်လည်းရပ်တည်နေတာဖြစ်ပါတယ်။သင်ဇာက ဟိုးတစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေအများအပြားမှာ ‌တွေ့မြင်ခဲ့ရလို့ ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ပါနော်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

သင်ဇာက အခုချိန်မှာဆိုရင် အရင်ကထက်ပိုပြီး အောင်မြင်ကျော်ကြားလာကာ ပုရိသတွေအသည်းစွဲရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဘယ်သူနဲ့မှမတူအောင် ဝတ်စားဆင်ယင်တတ်တဲ့ သင်ဇာက ပွဲတစ်ပွဲတက်လာတိုင်းမှာ လူအများရဲ့ ငေးမောကြည့်ရှု့ခြင်းကိုခံရပါတယ်နော်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာလျှောက်လှမ်းနေတာကြောင့် ပရိသတ်တွေကလည်း သူမဘက်ကရပ်တည်ပြီး အားပေးဝန်းရံကြပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

စိတ်ထားဖြူစင်ပြီး ပွင့်လင်းရိုးသားတာကြောင့်လည်း သင်ဇာ့ကို လူတိုင်းက ချစ်ခင်ကြပါတယ်နော်။အခုဆိုရင်တော့ သင်ဇာက စားကောင်းသောက်ဖွယ်တွေကို အားရပါးရစားသောက်နေပြီး"အစားစားရတော့မယ်ဆိုရင် ရုပ်က"ဆိုကာ အစားအသောက်တွေကိုကြည့်ပြီး ပျော်ရွှင်နေတဲ့ သင်ဇာရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook
Photo Credit:Thin Zar Wint Kyaw's Facebook

Photo Credit:Thin Zar Wint Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။