ပရိသတ်ကြီးရေ.....တန်ဖိုးမြင့်မား ရှေးဟောင်းဒင်္ဂါးတွေထဲကမှ ဘရက်စ်ရှာ ဒိုဘလွန် ဒင်္ဂါးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ရွှေ၊ငွေ၊ကြေး ဒင်္ဂါးများကို ငွေကြေးသုံးစွဲမှု စနစ်တစ်ခုအဖြစ် နိုင်ငံအသီးသီးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက သွန်း လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ ယခုအချိန်တွင် သုံးစွဲမှု မရှိတော့သည့် ခေတ်ဟောင်း ရှားပါးဒင်္ဂါးများအား နိုင်ငံတကာ ဈေးကွက်တွင် တန်ဖိုး အလွန်မြင့်မားစွာ ပေး၍ ဝယ်ယူတာတွေ၊ လေလံဆွဲတာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်...။ သမိုင်းမတင်မီက သွန်းလုပ်ခဲ့သည့် အချို့သော ဒင်္ဂါးများသည် ဝယ်ယူ၍ပင် မရနိုင်တော့တာဖြစ်ပါတယ်...။

Photo credit pngtree

"Brasher Doubloon" (ဘရက်စ်ရှာ ဒိုဘလွန်) ရွှေဒင်္ဂါးများကို နယူးယောက်မြို့မှ ပန်းတိမ်ပညာရှင် ဘရက်စ်ရှာက ကိုယ်ပိုင်ဒင်္ဂါးများအဖြစ် အခြားကြေးဒင်္ဂါးများနှင့် အတူထုတ်လုပ်ခဲ့ပါတယ်...။ နယူးယောက် ပြည်နယ်ဥပဒေပြုအဖွဲ့က ဘရက်စ်ရှာ၏ ကြေးဒင်္ဂါးများ သွန်းလောင်းခွင့် လျှောက်ထားမှုကို ပယ်ချပြီးခဲ့ပြီးနောက် ၁၇၈၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်...။ ဒင်္ဂါးမျက်နှာပြင်ပေါ်ရှိ အမှတ် လက္ခဏာများ ပေါ်မူတည်လျက် အမျိုးအစားကွဲပြားမှုများရှိပါတယ်...။

Photo credit pngtree

လင်းယုန်တစ်ကောင်၏ ရင်အုံပုံ သွန်းလုပ်ထားသည့် ဒင်္ဂါးပြားတစ်ပြားကို ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၄ သန်း ဖြင့် ရောင်းချခဲ့ပါတယ်...။ လင်းယုန်တောင်ပံများပါသော ဒင်္ဂါးပြားသည် ၂၀၀၄ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၅ သန်းရရှိခဲ့ပြီး ယခု အခါတွင် အလွန်နည်းပါးသော အရေအတွက်မျှသာ ကျန်ရှိပါတော့တယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။