ပရဟိတလုပ်ငန်းတွေမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ပရိသတ်တွေတင်စားထားတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသားဝေဠုကျော်ကတော့ ပရဟိတလုပ်တဲ့နေရာမှာ တကယ်ကိုအံ့မခမ်းပါပဲ..။

နေ့စဉ်နေ့တိုင်း ပြည်သူတွေအတွက်အကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ရင်း နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတဲ့ ပြည်သူ့အကျိုးပြုပရဟိတမင်းသားတစ်ဦးလို့ ဆိုရမှာပါပဲ..။

Photo Credit - Wai Lu Kyaw Foundation's Facebook
Photo Credit - Wai Lu Kyaw Foundation's Facebook

ပရဟိတအလုပ်တွေကို အားတက်တရောလုပ်တတ်တဲ့ ဝေဠုကျော်ကတော့ အခုတစ်ခါမှာလည်း ရထားပေါ်ကပြုတ်ကျပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ သီလရှင်အမယ်အိုကို ကူညီလှူဒါန်းမှူများ ပြုလုပ်ခဲ့ပါတယ်..။

ရထားပေါ်ကအဆင်း ခြေချော်ပြုတ်ကျလို့ ဒဏ်ရာရလာပြီး တစ်ပါးတည်း ဆေးရုံရောက်လာတဲ့ သက်တော်(၈၀)အရွယ် သီလရှင် ဆရာကြီးကို ဆေးကုမှုတွေနဲ့ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Facebook
Photo Credit - Wai Lu Kyaw Foundation's Facebook

လူနာစောင့်မပါတဲ့ သီလရှင် ဆရာကြီးကို ဆေးရုံဓါတ်မှန်လိုက်ရိုက်ပေးပြီး ဦးနှောက်ဓာတ်မှန်တွေလည်း ရိုက်ပေးကာ Geneva သူနာပြုအဌားဝန်ဆောင်မှုမှ လူနာစောင့်ဌားပေးခြင်း ၊သီလရှင်ဝတ်စုံနှစ်စုံနဲ့ ခေါင်းအုံး၊ စောင်များကိုဝယ်ပေးပြီး လိုအပ်သမျှကို လိုက်ပါကူညီလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ကြည်နူးသာဓုခေါ်စရာကောင်းပြီး စေတနာသဒ္ဒါတရားထက်သန်လွန်းတဲ့ ဝေဠုကျော်ရဲ့ အလှူလေးကိုလည်း ပရိသတ်တွေက ချီးကျူးသဘောကျနေကြပါတယ်နော်..။

Photo Credit - Wai Lu Kyaw Foundation's Facebook
Photo Credit - Wai Lu Kyaw Foundation's Facebook
Photo Credit - Wai Lu Kyaw Foundation's Facebook

Photo Credit - Wai Lu Kyaw Foundation's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။