နန်းဆုရတီစိုးကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်အားပေးမှုရရှိထားတဲ့ နန်းဆုရတီစိုးက အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက သီချင်းအသစ်လေးတွေ ဖန်တီးသီဆိုရင်း အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ်။

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

မကြာသေးခင်မှ ထွက်ရှိထားတဲ့ နန်းဆုရဲ့ '' သေလို့ရတယ် '' သီချင်းလေးကလည်း ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ နန်းဆုတစ်ယောက် ပွဲအခမ်းအနားလေးတွေ ဆက်တိုက်ဆိုသလို တက်ရောက်နေရပါတယ်။ မနေ့ကလည်း နန်းဆုက Myanmarplaza မှာ ကျင်းပပြုလုပ်တဲ့ Armani Exchange ရဲ့ပွဲလေးကို တက်ရောက်ခဲ့ပါတယ်။

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

နန်းဆုက အမိုက်စားဖက်ရှင်နဲ့ ယုံကြည်မှုရှိရှိပွဲတက်လာခဲ့တာကလည်း လူမှားသွားရလောက်အောင် စမတ်ကျနေတာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုက '' Armani Exchange winter fall fashion ပွဲ တက်ရောက်'' ဆိုပြီး ပုံလေးတွေတင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ အမိုက်စားပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Nansu Yati Soe's Fb

Photo Credit -RBV

Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV
Photo Credit -RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။