ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သည့် အနေဖြင့် ကာတာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာယူ-၂၂ အသင်းသည် ကာတာ Division Two ကလပ် Al Owaina (Al Uwaynah) အသင်းနှင့် ယနေ့ ဒေသစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ) တွင် Al Arabi SC တွင် ခြေစမ်းမည်ဖြစ်ပါတယ်။

photo credit :MFF's facebook
photo credit :MFF's facebook

Al Uwaynah အသင်းသည် ၂၀၁၉-၂၀၂၀ ရာသီ ကာတာ Division Two တွင် လေးပွဲကစားပြီးချိန်၌ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အသင်းဖြစ်ပြီး လေ့ကျင့်ခြေစမ်းပွဲ ဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်နိုင်ခြင်း မရှိဘူးလို့ MMFက ထုတ်ပြန်ထားပါတယ်။

photo credit :MFF's facebook
photo credit :MFF's facebook

ဆီးဂိမ်းစ်အတွက် ပြင်ဆင်သည့် အနေဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ ကာတာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာယူ-၂၂ အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် Qatar SC ကွင်း၌ နီပေါယူ-၂၃ အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ဂိုး ၂ဂိုးနဲ့ သရေကျထားခဲ့တာပဲဖြစ်ပါတယ်။

SOURCE:MFF's facebook

photo credit :MFF's facebook
photo credit :MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။