ပရိသတ်ကြီးရေ မေလ(၁၀)ရက်နေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)မှာ ဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်ခဲ့လဲ။

ကဆုန်လပြည့်နေ့က ဘုရားစေတီတွေမှာ ညောင်ရေသွန်း ကုသိုလ်ယူခဲ့တဲ့ အနုပညာရှင်အချို့ကိုလည်းတွေ့ရပါတယ်။

အလုပ်တွေနဲ့မအားမလပ်လို့ ဘုရားမရောက်ဖြစ်ကြတဲ့သူတွေရှိသလို မိမိအိမ်ကဘုရားမှာ ကုသိုလ်ယူကြတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။

ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းတို့မိသားစု ၊ခန့်စည်သူ ၊ ခိုင်သင်းကြည် ၊ စမိုင်းလ် နဲ့ အဆိုတော် ၊မော်ဒယ် ၀ါဆိုမိုးဦးတို့က အသီးအသီး နီးစပ်ရာဘုရားစေတီပုထိုးတွေမှာ ကဆုန်လပြည့်နေ့ကုသိုလ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

ကိုယ်ချစ်တဲ့အနုပညာရှင် ဘယ်သူတွေပါလဲ ပြောခဲ့ပါဦး ။  

သတင်းအရင်းမြစ် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။