မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပန်းနုသွေးဆိုတဲ့နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ရနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးခဲ့ပြီး အောင်မြင်လာခဲ့တဲ့ မေမြင့်မိုရ်က သရုပ်ဆောင်အရည်အချင်းပြည့်ဝသူလည်း ဖြစ်ပါတယ်။ အခုဆိုရင်မေက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

ကျရာဇာတ်ရုပ်မရွေး ပိုင်နိုင်တိကျစွာ သရုပ်ဆောင်နေတဲ့ မေမြင့်မိုရ်က Star Awards မှချီးမြှင့်တဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ မေက အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်နေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရပါတယ်။ တစ်နေ့တစ်ခြား လှသွေးကြွယ်လာတဲ့ မေကအခုလည်း ပန်းနုရောင်မိန်းမပျိုလေးအဖြစ် အဆမတန်အလှပိုနေတဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

မေက ပန်းနုရောင်ဂါဝန်လေးကိုဝတ်ဆင်ပြီး သက်ရှိဘာဘီအရုပ်မလေးသဖွယ် ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ''တစ်ခါတလေမင်းအကြောင်းတွေတွေးလို့ လွမ်းရင်းနဲ့တင် ငါကျေနပ်နေသူ...'' ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit- May Myint Mo's Fb

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။