ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ဟာသလူရွှင်တော်၊သရုပ်ဆောင် ခင်လှိုင်၊ကိုပေါက်နဲ့ မြင့်မြတ်တို့ကတော့ ညီအစ်ကိုတွေလို ရင်းနှီးချစ်ခင်ကြတဲ့ အနုပညာညီအစ်ကိုတွေပဲဖြစ်ကြပါတယ်။ခင်လှိုင်၊ကိုပေါက်နဲ့ မြင့်မြတ်တို့က ဇာတ်ကားပေါင်းများစွာကို အတူတူ ရိုက်ကူးကြပြီး ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်ကြပါတယ်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

ခင်လှိုင်၊ကိုပေါက်နဲ့ မြင့်မြတ်တို့ သုံးယောက်လုံးဟာဆိုရင် အနုပညာလောကမှာ နေရာတစ်ခုကနေရပ်တည်နေကြပြီး အောင်မြင်မှုတွေကိုရရှိနေတဲ့သူတွေပါနော်။စိတ်သဘောထားလည်းကောင်းကြပြီး ကူညီတတ်တဲ့စိတ်အပြည့်ရှိကာ ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်တတ်ကြလို့ လူချစ်လူခင်ကလည်း အင်မတန်ပေါများကြတာဖြစ်ပါတယ်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

အခုဆိုရင်တော့ ခင်လှိုင်တို့တွေက"ခရီးသွားခြင်းအနုပညာ လူထဲကလူ ရုပ်ရှင်ရိုက်ရန် ရန်ကုန်_ပုဂံ ရထားစီးရင်း ညီအစ်ကိုတွေ ပျော်ပျော်ပါးပါး ခရီးထွက်။ရထားမစီးရတာ ကြာပြီးသကာလ ရထားပြန်စီးရတဲ့အရသာက ဘာလိုလိုပါ အချစ်ရယ်။"ဆိုပြီး အနုပညာညီအစ်ကိုတွေ ပျော်ပျော်ပါးပါး ရထားစီးနေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

Photo Credit:Khin Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။