ပရိသတ်ကြီးရေ.. စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အေးချမ်းတဲ့အလှတရားတွေကိုပါ ပိုင်ဆိုင်ထားပြီး ပြုံးလိုက်တိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Li John Photography
Photo Credit - Li John Photography

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဝင့်ယမုံနိုင်ကတော့ အေးချမ်းတဲ့ မြန်မာဆန်နေ်အလှတရားတွေနဲ့ မြင်သူတိုင်းကို အမြင်အေးချမ်းမှုလေးတွေနဲ့ စိတ်ကြည်နူးစေပြန်ပါတယ်နော်..။

မြန်မာဆန်တဲ့ မဟာဆန်ဆန်အလှတရားတွေနဲ့ ဘုရားသွားကုသိုလ်ယူခဲ့တဲ့ ယမုံလေးရဲ့ အလှပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။

Photo Credit - Li John Photography
Photo Credit - Li John Photography

ဘုရားသွားကုသိုလ်ယူရင်း ဓာတ်ဖမ်းခဲ့တဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း "ဘုရားသွားကျောင်းတက် ‘မ’ ဘေးနားရှိနေပေးသင့်ပြီ.." ဆိုပြီး ပရိသတ်တွေကို ပြန်လညမျှဝေပေးထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အသည်းကျော်ယမုံလေးရဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ မဟာဆန်ဆန်အလှပုံရိပ်လေးတွေကိုလည်း အားလုံးက သဘောကျနေကြပြီး Comment လေးတွေမှာ အသည်းလေးတွေပေးကာ အချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Li John Photography
Photo Credit - Wint Yamone Naing's Facebook

Photo Credit - Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။