ခရစ်ယာန်ဘုန်းကြီးတစ်ဦးမှ ဆွံ့အနားမကြားကလေးငယ် ၂၄ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခဲ့ရာမှာ ကူညီပေးခဲ့တဲ့သီလရှင်အားဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

သိုးယောင်ဆောင်တဲ့မြေခွေးဆိုတဲ့စကားပုံအတိုင်း ခရစ်ယာန်ဘုန်းကြီးတစ်ဦးဖြစ်သူ Horacio Corbachoနဲ့ အခြားသော ယောကျာ်းလေးယောက်တို့ဟာ Lujan de Cuyoမှာရှိတဲ့ကျောင်းတစ်ကျောင်းမှာ နားမကြားကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခြင်းပြုခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားမှာဖြစ်ခဲ့တာဖြစ်ပြီး ကူညီပေးခဲ့သူ ခရစ်ယာန်သီလရှင်ဟာ ဂျပန်လူမျိုးဖြစ်ပြီး အသက်၄၂နှစ်အရွယ်ရှိ Kosaka Kumikoဖြစ်တယ်လို့သိရပါတယ်။ သူမဟာ ကလေးငယ်တွေကို အတန်းထဲမှာ ကစားကြရအောင်လို့ပြောပြီး မိန်းကလေးငယ်တွေကို ရေချိုးခန်းနေရာကို ခေါ်ခေါ်ထုတ်သွားတတ်တယ်လို့ သိရပါတယ်။ 

ဘုန်းကြီးနဲ့အခြားသောယောကျာ်းတွေဟာ ကလေးငယ်တွေကို ကျောင်းရဲ့ရေချိုးခန်း၊ မြေအောက်ခန်း၊ ဥယျာဉ်အတွင်းနဲ့ အဆောင်အိပ်ခန်းတွေမှာ အနိုင်ကျင့်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ကျောင်းသားဖြစ်သူတွေရဲ့ ပြန်လည်ပြောကြားချက်အရ မယ်တော်မေရီရဲ့ရုပ်ထုဘေးမှာတောင် အနိုင်ကျင့်စော်ကားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါခရစ်ယာန်သီလရှင်အနေနဲ့ ကလေးငယ်တွေရဲ့ အဂါင်္နေရာတွေကို Diaperဝတ်ထားပြီး အနိုင်ကျင့်ခံရတဲ့ဒဏ်ရာတွေကို ဖုံးကွယ်ထားစေခဲ့တယ်လို့သိရပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။