ပရိသတ်ကြီးရေ....ဘော့ဆွာနာနိုင်ငံ၏ မြို့တော် ဂဘိုရွန်းသည် ကမ္ဘာပေါ်ရှိ မီးခိုးမြူ အထူထပ်ဆုံးမြို့များထဲတွင် အဋ္ဌမမြောက်မြို့ ဖြစ်ပါတယ်...။ ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်ကြသူများ နေ့စဉ် အသက်ရှူနေကြရသည့် လေထုထဲမှာ ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန် နှင့် သတ္ထု အမှုန်များပါဝင်နေပါတယ်...။ ယင်းဓာတု ပစ္စည်း အမှုန်အမွှားများသည် လူသားများအား အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပြဿနာများစွာနှင့် မျက်စိ ယောင်ယမ်း နာကျင်ခြင်းစသည်တို့ကို ဖြစ်စေပါတယ်...။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်သည် လေထုအတွင်း မျောပါနေသော ၁၀ မိုက်ခရိုမီတာ အောက်သေးငယ်သော အမှုန်များ ( PM 10 ) ကို တိုင်းတာသည့် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှ ဒေသများ ဖြစ်သည်ဟုဆိုကြရာတွင် ဘော့ဆွာနာနိုင်ငံမြို့တော် ဂဘိုရွန်းလည်းပါဝင်ခဲ့ပါတယ်...။

Photo credit pngtree

ဘော့ဆွာနာနိုင်ငံ၏ မြို့တော် ဂဘိုရွန်း သည် ( PM 10 ) အဆင့် (၂၁၆) ရှိသည့် မော်တော်ယာဉ်များကို အလွန်အကျွံ သုံးစွဲ မောင်းနှင်နေသော မြို့ ဖြစ်ပါတယ်...။ ကမ္ဘာပေါ် တွင် မီးခိုးမြူ အထူထပ်ဆုံး အဋ္ဌမမြောက် မြို့လည်းဖြစ်ပြီး ထင်း များ၊ ရေနံဆီများ၊တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများကို မီးမွှေးခြင်း နှင့် အခြား မီးသုံးစွဲသော နေရာများတွင် အများအပြား အသုံးပြုနေကြသဖြင့် မီးခိုးများက အမြဲ ထွက်လျက်ရှိနေပါတယ်...။

Photo credit pngtree

အာဖရိက ဒေသ၊ ဘော့ဆွာနာ နိုင်ငံမြို့တော် ဂဘိုရွန်းသာမက ဆီနီဂေါ နိုင်ငံ မြို့တော် ဒါကာ၊ နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် လာဂို့စ် တို့သည်လည်း မီးခိုးမြူထူ မြို့များစာရင်း တွင် ပါဝင်လျက်ရှိပါတယ်...။ လက်ရှိ အချိန်တွင် ဘော့ဆွာနာသည် လူဦးရေ နည်းပါးပြီး စက်မှု ဖွံ့ဖြိုးမှု အနည်းငယ်မျှသာ ရှိသော နိုင်ငံ ဖြစ်ပါတယ်...။ ဂဘိုရွန်း မြို့ပြင် နေရာများသည် လေထု ညစ်ညမ်းမှုဟာ အဓိက ပြဿနာ တစ်ရပ်တော့ မဟုတ်ပါဘူး...။ သို့သော်လည်း ဘော့ဆွာနာ အစိုးရ၏ နိုင်ငံ ဖွံ့ဖြိုးရေး ဗျူဟာတွင် အသေးစား စက်မှုလုပ်ငန်းများကို တိုးချဲ့ရန် ကြံဆလျက်ရှိနေရာ ဘော့ဆွာနာနိုင်ငံသည် အီရန် ၊ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံများ ရင်ဆိုင်နေကြရသည့် မီးခိုးမြူ ပြဿနာကို သင်ခန်းစာ ယူနိုင်ပါမည်လောဟု မေးခွန်း ထုတ်ဖွယ်ဖြစ်နေပါတော့တယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။