ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကျနော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကနေ အတော်ဝေးဝေးမှာ တည်၇ှိနေတဲ့ ဂြိုလ်ကြီးတွေထဲကမှ ထူးဆန်းပြီး လူသားတွေ နေထိုင်ဖို့အဆင်ပြေနိုင်ဖွယ်ရှိတဲ့ ဂြိုလ်ကြီးတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီဂြိုလ်ကြီးကတော့ Gliese 581dလို့ အမည်ရပြီး ကမ္ဘာမြေကနေ 20.3အလင်းနှစ် အကွာအဝေးမှာ တည်ရှိတယ်ဆိုတော့ အတော်လေးကို ဝေးကွာတယ်လို့ ပြောလို့ရပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဒီဂြိုလ်ကြီးကိုတော့ ၂၀၀၇ခုနှစ်က ချီလီနိုင်ငံကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီဂြိုလ်ကြီးနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အချက်အလက်တွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။ Gliese 581dဂြိုလ်ကြီးရဲ့ တစ်နှစ်တာမှာ ရက်ပေါင်း ၆၆ရက်ပဲရှိပြီး သူ့မှာ ကိုယ်ပိုင်နေရှိပြီး အာ့ဒီနေကို ပတ်နေတာလည်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဆက်လက်ပြီး ရှာဖွေစူးစမ်းလေ့လာခဲ့ရာမှာတော့ ဒီဂြိုလ်ကြီးဟာ လူတွေ နေထိုင်ဖို့လည်း သင့်တော်ပြီး ရေတွေလည်းရှိတယ်လို့သိရပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဒီဂြိုလ်နဲ့ ပက်သတ်တဲ့ တချို့သော ဓာတ်ပုံတွေကိုလည်း ဗဟုသုတရစေရန်အတွက် ဖော်ပြပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတဲ့ ဂြိုလ်ကြီးတွေအကြောင်းကို နောက်လည်း ဆက်လက်ဖော်ပြပေးအုန်းမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Myanmarrload ကို စောင့်မျှော်ဖတ်ရှုပေးဖို့လည်း မမေံပါနဲ့အုန်းနော်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။