သရုပ်ဆောင်အဆိုတော်ဝါဆိုမိုးဦးနဲ့ အဆိုတော်ဖြိုးလေးတို့ စုံတွဲကတော့ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ရွှေလက်တွဲလာကြတာ သုံးနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်နော်။ဝါဆိုနဲ့ဖြိုးလေးတို့နှစ်ယောက်က အနုပညာရှင်တွေလည်းဖြစ်ကြတာကြောင့် အရာရာမှာ စိတ်တူကိုယ်တူရှိကြကာ အေးချမ်းသာယာလို့ ပရိသတ်တွေကတောင်အားကျပြီး သဘောတူနေရတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။

Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook

ဝါဆိုက မကြာသေးခင်လတွေကမှ သူမသီဆိုထားတဲ့ သီချင်းအသစ်ထွက်ရှိခဲ့ပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးခဲ့ကြပါတယ်။နောက်ထပ်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ကြော်ငြာတွေလက်ခံရိုက်ကူးကာ ပွဲအခမ်းအနားတွေကို တက်ရောက်နေတာဖြစ်ပါတယ်။အဆိုတော်ဖြိုးလေးကလည်း ပိုမိုကောင်းမွန်တဲ့ သီချင်းအသစ်တွေကို ပရိသတ်တွေအတွက် အစဉ်အမြဲကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook

ဝါဆိုတို့ချစ်သူနှစ်ယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတဲ့အချစ်တွေကပြည့်နှက်နေကြလို့ အရမ်းလည်းရိုတတ်ကြပါတယ်နော်။အခုဆိုရင်တော့"တစ်ခါတစ်လေ အလုပ်တွေကြားထဲကရုန်းထွက်ပြီး ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ကြပါ အရမ်းနွေးထွေးမှုရှိပါတယ်"ဆိုကာ ချစ်သူနှစ်ယောက် နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook
Photo Credit:Warso Moe Oo's Facebook

Photo Credit:Warso Moe Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။