ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့သူကတော့ မော်ဒယ် ယွန်းဝတီလွင်မိုးပါ။ သူမဟာ လတ်တလောမှာ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျနိုင်ငံတွင် ပညာတော်သင်သွားရောက် သင်ယူနေပြီး မကြာခင်မှာ မြန်မာနိုင်ငံကို ပြန်လာတော့မှာပါ။ ခေးလေးဟာလည်း မကြာခင်မှာ ချစ်ရတဲ့ သားလေးနဲ့အတူ ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေတာပါ။ 

Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram

လီလီလုံးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုစကားတတ်လာပြီပဲဖြစ်ပြီး ဖိုးဖိုး၊ဖွားဖွားတွေကတော့ အသည်းတွေတုန်မတတ် ချစ်နေရတာပါ။ သားလေးဟာ မကြာသေးခင်ရက်ပိုင်းကလည်း ဖိုးဖိုး၊ဖွားဖွား တို့နဲ့အတူ ကလောမြို့ကို သွားရောက်လည်ပတ်ခဲ့တာပါ။ ဖွားဖွားမေသူကလည်း သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှခဲ့တာပါ။  

Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram

ပရိသတ်တွေရဲ့ လီလီလုံးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုကြည့်ပြီး ချစ်မဝဖြစ်နေကြတာပါ။ အခုတစ်ခေါက်မှာလည်း ဖွားဖွားမေသူကတော့ သူမရဲ့ Instagram လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လီလီလုံးလေးရဲ့ ပုံရိပ်လေးတွေကို တင်ထားတာပါ။ ဒီပုံလေးတွေကတော့ သားသားတစ်ယောက် သနပ်ခါးလေးတွေ လူးကာ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - May Thu's Instagram 

Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram
Photo Credit - May Thu's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။