ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်ဟာဆိုရင် အနုပညာလောကထဲကို တစ်ခေတ်တစ်ခါကတည်းက ဝင်ရောက်လာခဲ့ပြီး အနုပညာစွမ်းရည်အရမ်းကောင်းတဲ့သူဖြစ်လို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို ရရှိလာပြီး တစ်ခေတ်ကတည်းက အောင်မြင်မှုတွေရရှိလာတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook

အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ အကယ်ဒမီများရှင်ရန်အောင်က လက်တလောမှာတော့ အကယ်ဒမီလူမင်းကိုယ်တိုင် ပုံဖော်မယ့် "အောင်ဆန်းရုပ်ရှင်"မှာ တစ်တက်တစ်အားပါဝင်အားဖြည့်ထားတာဖြစ်ပါတယ်။အောင်ဆန်း ရုပ်ရှင်မှာဆိုရင်တော့ အကယ်ဒမီရန်အောင်က"အဓိပတိဒေါက်တာဘမော်" အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါနော်။

Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook

ရန်အောင်ရဲ့ အပြင်အဆင်ဟာဆိုရင် ခေါင်းပေါင်းကအစ ထိုင်တဲ့ကုလားထိုင်အဆုံး သေသေချာချာပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဓိပတိဒေါက်တာဘမော်တို့ တွေ့ဆုံချိန်မှာ မျက်နှာအနေအထား၊ကုလားထိုင်ပေါ်ထိုင်နေတဲ့ စတိုင်လ်တွေအကုန်လုံးကို ချစ်ပရိသတ်ကြီးလည်း တွေ့မြင်ခံစားလို့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook
Photo Credit:Yan Aung's Facebook

Photo Credit:Yan Aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။