ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူအသည်းကျော်တွေထဲမှာ သဘာဝဇာတ်ရုပ်တွေနဲ့ ပီပြင်ပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မင်းသားချော မြင့်မြတ်နဲ့ စိတ်သဘောထားကောင်းမွန်လွန်းပြီး ဖော်ရွေကူညီတတ်တဲ့ ဖိလစ်ပိုင်ဆယ်လီ Sinon Loresca တို့ကတော့ မပါမဖြစ်ပါပဲ..။

မင်းသားချောမြင့်မြတ်ကတော့ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရင်ထဲက လှိုက်လှိုက်လှဲလှဲတခဲနက် အားပေးဝန်းရံမှုတွေကို ရရှိထားဖြစ်သလို ဖိလစ်ပိုင်ဆယ်လီ Sinon Loresca ကလည်း မြန်မာပရိသတ်တွေအပြင် နိုင်ငံတော်တော်များများမှာ လူသိများအောင်မြင်နေသူပဲ ဖြစ်ပါတယ်..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Sinon Loresca’s Facebook

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတဲ့ ပရိသတ်တွေအချစ်တော် နှစ်ယောက်ကတော့ ဇာတ်ကားတွေအတူရိုက်ကူးတော့မှာဖြစ်ပြီး လတ်တလောမှာလည်း ခရီးအတူသွားနေကြပါတယ်နော်..။

ရန်ကုန်-ပုဂံ ရထားစီပြီး ခရီးအတူသွားနေကြတာဖြစ်ပြီး “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အခြားအနုပညာရှင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်မှာမို့ အားလုံးကလည်း ပျော်ရွှင်နေကြပါတယ်နော်..။


Photo Credit - Sinon Loresca’s Facebook
Photo Credit - Myat Wai Tun’s Facebook

ခရီးအတူသွားရင်း ပျော်ပျော်ပါးပါး ဓာတ်ဖမ်းထားကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ကိုယ်စီမျှဝေထားကြသလို Sinon ကလည်း မြင့်မြတ်နဲ့အတူ နှစ်ယောက်တည်း ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံလေးကို မျှဝေထားပါသေးတယ်..။

အချစ်တော် နှစ်ယောက်ကို အတူတွေ့မြင်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း အားလုံးက ရင်ခုန်စွာစောင့်မျှော်နေကြပြီး နှစ်ယောက်အတူ ခရီးသွားနေကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Khin Hlaing’s Facebook
Photo Credit - Sinon Loresca’s Facebook

Photo Credit - Myat Wai Tun’s Facebook ၊ Sinon Loresca’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။