ဝါဆိုမိုးဦးကတော့ တင်းရင်းကျစ်လျစ်တဲ့ Body လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဘာဝတ်ဝတ်ပေါ်လွင်လှပနေတဲ့ ဝါဆိုမိုးဦးက အမြဲလိုလို အမိုက်စားဖက်ရှင်လေးတွေနဲ့ အပြတ်အသတ် လှနေတတ်တာ ဖြစ်ပါတယ်။ ကလေးဘဝကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ဝါဆိုက အခုချိန်မှာတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေတာ ဖြစ်ပါတယ်။

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

ဝါဆိုမိုးဦးက အချစ်ရေးနဲ့ပတ်သက်ရင်လည်း အဆိုတော်ဖြိုးလေးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ဝါဆိုမိုးဦးတစ်ယောက် ဖိတ်ကြားထားတဲ့ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေရပါတယ်။ အကကိုဝါသနာပါတဲ့ ဝါဆိုမိုးဦးက အခုလည်း သီချင်းလေးတွေနဲ့အတူ အမိုက်စားကကွက်တွေကို အပီအပြင် ကပြထားပါတယ်။

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

ဝါဆိုမိုးဦးက ခပ်မြူးမြူးသီချင်းသံစဉ်လေးတွေနဲ့အညီ ခန္ဓာကိုယ်လေးကို စည်းချက်ကျကျ လှုပ်ခါရင်း အလန်းစားကပြထားတာပဲ ဖြစ်ပါတယ်။ သီချင်းလေးအတိုင်း စီးမြောခံစားရင်း အားရပါးရကနေတဲ့ ဝါဆိုရဲ့ဗီဒီယိုဖိုင်လေးကလည်း လုံးဝကို အမိုက်စားဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝါဆိုမိုးဦးရဲ့အကဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Warso Moe Oo's FB 

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။